Youtube Video Suggest ထိအောင် ဘယ်လိုလုပ်မလဲ?

YouTuber တိုင်းသိထားသင့်တဲ့ Youtube Optimization Guide

Youtube Video Suggest ထိအောင် ဘယ်လိုလုပ်မလဲ – Monetize Myanmar

Video Content Creator တွေအနေနဲ့ မိမိတို့ရဲ့ Youtube Channel မှာ ဗီဒီယိုတွေတင်တဲ့အခါ Keywords တွေ၊ Tags တွေကို ဉာဏ်ရှိသလိုအသုံးချနိုင်ရင် မိမိတို့ရဲ့ Video ဟာ Reach ပိုရောက်နိုင်တယ်ဆိုတာ သိဖို့လိုပါတယ်။ ဆိုလိုတာက Video Suggest ပိုရမယ်၊ လူကြည့်ပိုများမယ်ပေါ့။

Keywords တွေနဲ့ Tags တွေကို သုံးတတ်မယ်ဆိုရင် မိမိရဲ့ Youtube Channel က Subscriber နည်းနေရင်တောင် Video Reach က Subscriber တွေဆီအပြင် Non Subscriber တွေဆီမှာ Video Recommendation အနေနဲ့ Youtube က ပြလေ့ရှိပါတယ်။ ဒါကြောင့် Youtube Video Suggest အကြောင်းမပြောခင် Keywords တွေနဲ့ Tags တွေအကြောင်းကို ပြောသွားမှာ ဖြစ်ပါတယ်။

Youtube Keywords ဆိုတာဘာလဲ?

Keywords ဆိုတာ မိမိတင်လိုက်တဲ့ ဗီဒီိယိုနဲ့ ဆက်စပ်တဲ့ စကားလုံးများ ပါဝင်တဲ့ Description keyword စကားလုံးကို ဆိုလိုတာဖြစ်ပါတယ်။ Youtube Video ရဲ့ Title နဲ့ Description မှာ မိမိတင်ဆက်လိုက်တဲ့ ဗီဒိယိုကို အကောင်းဆုံးဖော်ပြမယ့် စကားလုံးကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာအားဖြင့် Rock ဂီတာတီးနည်းအခြေခံ ဆိုပါတော့။ Keywords အနေနဲ့ Rock Guitar, ဂီတာတီးနည်း၊ ဂီတာတီးနည်းအခြေခံ ဆိုပြီး ထွက်လာနိုင်ပါတယ်။ Youtube ကို အသုံးပြုသူတွေရှာဖွေလေ့ရှိတဲ့ Keywords ကို အခြေခံပြီး မိမိရဲ့ Video ကို ဖန်တီးတင်ဆက်နိုင်အောင် ကြိုးစားကြည့်နိုင်ပါတယ်။

Youtube Video Suggest ထိအောင် ဘယ်လိုလုပ်မလဲ?
Rock Guitar တီးနည်းအခြေခံ Youtube Keywords အား ဥပမာပြထားပုံ – Monetize Myanmar

ဒါ့အပြင် Youtube Video Description မှာ Hash Tags တွေသုံးပြီးတော့လည်း keywords တွေထည့်နိုင်ပါသေးတယ်။ #rockguitar #guitarbasic #ဂီတာတီးနည်း #ဂီတာအခြေခံ … စသဖြင့်။ ဒါဆိုရင်တော့ Keywords အကြောင်းကို သဘောပေါက်ပြီလို့ ထင်ပါတယ်။

Youtube Tags ဆိုတာဘာလဲ?

Tags ရဲ့ အဓိပ္ပာယ်ကတော့ အမျိုးအစားတူ၊ ဒါမှမဟုတ် သဘာဝတူ စတဲ့ တူညီတဲ့အရာတွေကို အတူတစ်ကွစုစည်းပေးတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာအားဖြင့် စားသောက်ဆိုင်တစ်ခုမှာ ဗမာဟင်း၊ မွန်ဟင်း၊ ရခိုင်ဟင်း၊ ရှမ်းရိုးရာဟင်း စတဲ့ မတူညီတဲ့ အစားအသောက်တွေရှိတယ်ဆိုပါစို့။

အဲ့ဒီလို မတူညီတဲ့ အစားအသောက်တွေထဲကမှ တူညီတဲ့ သဘာဝကို Tags အနေနဲ့ ဆွဲထုတ်မယ်ဆိုရင် ဟင်းအချို၊ ဟင်းအစပ်၊ အကြော် စသဖြင့်ထွက်လာမှာပါ။ အဲ့ဒီလိုမျိုး မတူညီတဲ့အရာတွေထဲကမှ တူညီတဲ့အချက်တွေကို စနစ်တစ်ကျဆွဲထုတ်သတ်မှတ်တာကို Tags တွဲတယ်လို့ သတ်မှတ်နိုင်ပါတယ်။

Youtube Video Tags တွေကတော့ ဗီဒီယိုတစ်ခု ပေါက်နိုင်ဖို့အတွက် အရေးပါတဲ့လျှို့ဝှက်လက်နက်တစ်ခု ဖြစ်ပါတယ်။ Youtube Video Tags တွေဟာ Title နဲ့ Description မှာ တိုက်ရိုက်ရေးသားဖော်ပြတာမဟုတ်ဘဲ မိမိတင်လိုက်တဲ့ ဗီဒီယိုဟာ ဘာနဲ့သက်ဆိုင်လဲဆိုတဲ့ keywords လေးတွေကို သတ်မှတ်ပြီး Tags တွဲပေးလိုက်တာ ဖြစ်ပါတယ်။ အောက်ပါ ဥပမာကို ကြည့်ပါ။

Youtube Tags အသုံးပြုထားပုံ

အထက်ပါဥပမာမှာ ပြထားတဲ့ Tags က ကြက်သားတောချက်ဟင်းချက်နည်း ဗီဒီယိုတစ်ခုရဲ့ Tags ဖြစ်ပါတယ်။ ဗီဒီယိုတစ်ပုဒ်အတွက် Tags စာလုံးပေါင်း ၅၀၀ ထိ အသုံးပြုနိုင်တာကြောင့် မိမိ ဗီဒီယိုနဲ့ သက်ဆိုင်မယ်လို့ ယူဆတဲ့ Tags မှန်သမျှကို ထည့်ထားနိုင်ပါတယ်။ Tags ထည့်တဲ့အခါ မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာနှစ်ခုလုံး ထည့်ထားရင် ပိုကောင်းပါတယ်။

Youtube Thumbnail Image

Youtube Video Suggest ရဖို့ သိထားရမယ့် နောက်ထပ်နည်းလမ်းတစ်ခုကတော့ Thumbnail Image တွေဘဲ ဖြစ်ပါတယ်။ မိမိဗီဒီယိုကို စိတ်ဝင်စားမှုဖြစ်စေမယ့် စာသားနဲ့ ပုံရိပ်တွေကို ကောင်းမွန်စွာ အသုံးချနိင်မယ်ဆိုရင် ဗီဒီယိုကြည့်ရှုမှုရာခိုင်နှုန်း အတိုင်းအတာတစ်ခုအထိ တက်လာနိုင်မှာဖြစ်ပါတယ်။

Youtube Thumbnail

လူတွေက ဒီဗီဒီယိုကို ဘယ်လောက်ထိ ကလစ်နှိပ်ပြီး ဝင်ကြည့်လဲဆိုတဲ့ အပေါ်မူတည်ပြီး Youtube ဘက်ကတွက်ချက်ကာ Video Suggest ပေးတာဖြစ်ပါတယ်။

Youtube Video Suggest

ဒါကြောင့် အကျဉ်းချုံ့ပြန်ပြောမယ်ဆိုရင် Youtube Video Suggest ရဖို့အတွက်ဆို Title, Description တွေမှာ ရေးသားမယ့် Keywords ၊ Video Tags Keywords နဲ့ Youtube Video Thumbnail Image တွေကို ကောင်းမွန်စွာတွဲဖက်အသုံးချတတ်မယ်ဆိုရင် မိမိတို့ရဲ့ Video View တွေနဲ့ Subscriber တွေပါ တိုးပွားလာမှာ ဖြစ်ပါတယ်။

Social Traffic ကလည်း အရေးပါပါတယ်

Social Traffic ဆိုတာ လူမှုကွန်ရက် Website/App တွေဖြစ်ကြတဲ့ Facebook, Instagram, TikTok စသည်တို့ကို ဆိုလိုတာဖြစ်ပါတယ်။ မိမိတို့ရဲ့ Youtube Video တွေကို လူမှုကွန်ရက်မှာ Share လုပ်တဲ့အခါလည်း Referral Traffic အနေနဲ့ ရောက်ရှိမှာဖြစ်လို့ Youtube Suggest ရဖို့ ထည့်တွက်တဲ့ Fact တစ်ခုလည်း ဖြစ်ပါတယ်။

သိထားရမယ့် အချက်ကတော့ ဘယ်လိုဘဲ keywords တွေ၊ Tags တွေနဲ့ Thumbnail တွေ အသုံးချနေပါစေ မိမိတို့ဖန်တီးမယ့် Content Quality စစ်မှန်မှသာလျှင် ရေရှည်အဆင်ပြေနိုင်မယ့် Content Creator လမ်းကြောင်းပေါ်ကို ရောက်ရှိမှာပါ။

Monetize Myanmar မှတင်ဆက်တဲ့ Content တွေကို MyanmarEndUser ရဲ့ Website အပြင် Youtube Channel မှာပါ သွားရောက်လေ့လာနိုင်ပါတယ်။ မကြာမှီ အချိန်အတွင်းမှာလည်း Keywords, Tags တွေနဲ့ပတ်သတ်တဲ့ ဗီဒီယိုသင်ခန်းစာအချို့ကို MEU Youtube Channel မှာ အခမဲ့တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် Myanmar End User Youtube Channel ကို Subscribe လုပ်ထားပြီး စောင့်ကြည့်နိုင်ပါတယ်။

Content Creator တွေအနေနဲ့ အခြားဖတ်ရှုသင့်သော ပိုစ့်များ

Monetize Myanmar ဆိုတာ 

Monetize Myanmar ဆိုတာ Content Creator တွေအတွက် Monetization ဝန်ဆောင်မှု၊ သိထားရမယ့် Tips & Tricks လေးတွေနဲ့ Income Revenue Optimization အကြောင်းလေးတွေကို မျှဝေသွားမယ့် Page လေး ဖြစ်ပါတယ်။

Monetize Myanmar ရဲ့ Monetization Service ဟာ Video Content တွေ ဖန်တီးတဲ့ Content Creator အတွက်တင်မဟုတ်ဘဲ မိမိကိုယ်ပိုင် ဝက်ဘ်ဆိုဒ်နဲ့ Content တွေဖန်တီးနေသူများအတွက်ပါ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။

Monetization Myanmar ရဲ့ Facebook Page ကိုလည်း Like and Follow လုပ်ခဲ့ပေးဖို့လည်း ဒီနေရာကနေ တောင်းဆိုလိုက်ပါတယ်။

Exit mobile version