Myanmar End User
  • Home
  • News
  • Howto
  • Graphic Design
    • All
    • Illustrator
    • Photoshop
    Photoshop မှာ Generative AI Feature ကို ထည့်သွင်းလိုက်တဲ့ Adobe

    Photoshop မှာ Generative AI Feature ကို ထည့်သွင်းလိုက်တဲ့ Adobe

    Social Media Graphic Design တွေကို အလိုအလျောက်ဖန်တီးပေးနိုင်တဲ့ Microsoft Designer AI

    Social Media Graphic Design တွေကို အလိုအလျောက်ဖန်တီးပေးနိုင်တဲ့ Microsoft Designer AI

    ဒီဇိုင်း

    ဒီဇိုင်း တစ်ခုဆွဲမယ်ဆိုရင် အရောင်တွေကို ဘယ်လိုရွေးချယ်ရမလဲ?

    DALL-E 2 AI

    DALL-E 2 ကို သုံးပြီး AI Generated Picture တွေဖန်တီးကြမယ်

    သင်မသိလောက်သေးတဲ့ Photoshop အသုံပြုပုံ (၅) မျိုး

    သင်မသိလောက်သေးတဲ့ Photoshop အသုံပြုပုံ (၅) မျိုး

    Line Theory – Line တွေကို ဆရာကျကျ ဒီဇိုင်းမှာသုံးကြမယ်

    Line Theory – Line တွေကို ဆရာကျကျ ဒီဇိုင်းမှာသုံးကြမယ်

    Photoshop ထဲက Distort Displace ကိုသုံးပြီး ရေပြင်မှာ အရိပ်အတုလုပ်ကြမယ်

    Photoshop ထဲက Distort Displace ကိုသုံးပြီး ရေပြင်မှာ အရိပ်အတုလုပ်ကြမယ်

    Photoshop သုံးပြီး Glass Effect Style တစ်ခု လုပ်ကြမယ်

    Photoshop သုံးပြီး Glass Effect Style တစ်ခု လုပ်ကြမယ်

    Perspective Warp ဆိုတာဘာလဲ၊ ဘယ်လိုသုံးရလဲ?

    Perspective Warp ဆိုတာဘာလဲ၊ ဘယ်လိုသုံးရလဲ?

    • Photoshop
    • Illustrator
  • Lifestyle
  • Monetization
  • Travel
  • Services
    • In-Stream Ads Monetization Service
No Result
View All Result

Facebook In-Stream Ads Monetization လျှောက်တော့မယ်ဆိုရင်

In-Stream Ads လျှောက်ဖို့ ရည်ရွယ်ထားရင် ဒီအချက်တွေနဲ့ညီ၊မညီ ဆန်းစစ်ပါ

Monetize Myanmar by Monetize Myanmar
February 14, 2023
in Howto, Monetization
Reading Time: 2 mins read
0
0
SHARES
2k
VIEWS
Share on FacebookShare on TwitterShare on Telegram
ADVERTISEMENT

မင်္ဂလာပါ၊ Monetize Myanmar က ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ Facebook In-Stream Ads Monetization ဘယ်လိုလျှောက်ရမလဲ၊ ဘယ်သူတွေ လျှောက်လို့ရလဲ ဆိုတာနဲ့ပတ်သတ်ပြီး ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

Facebook In-Stream Ads Monetization လျှောက်တော့မယ်ဆိုရင် | MyanmarEndUser

​Facebook In-Stream Ads Monetization Guide

Facebook In-Stream Ads လျှောက်ဖို့ဆို အောက်ပါအချက်အလက်တွေနဲ့ ပြည့်စုံမှုရှိရပါမယ်။

၁။ Facebook Page Follower ၅၀၀၀ ( ယခင်က ၁၀၀၀၀ ) အနည်းဆုံးရှိရပါမယ်။

၂။ ရက် ၆၀ အတွင်း ဗီဒီယိုကြည့်ရှုမှု စုစုပေါင်းမိနစ် ၆၀၀၀၀ ( ယခင်က ၆သိန်း ) အနည်းဆုံးရှိရပါမယ်။

၃။ Page မှာ ဗီဒီယိုအနည်းဆုံး ၅ ပုဒ်ရှိဖို့ လိုပါတယ်။

၄။ ရှိတဲ့ဗီဒီယိုတွေကလည်း Copyright လွတ်ဖို့လိုပါမယ်။ သူများဆီက ပြန်ယူပြီး ပြန်တင်ထားတဲ့ ဗီဒီယိုတွေနဲ့ လျှောက်လို့မရပါဘူး။

ADVERTISEMENT

၅။ In-Stream Ads လျှောက်ဖို့အတွက် သတ်မှတ်ထားတဲ့ နိုင်ငံကနေဘဲ လျှောက်လို့ရပါမယ်။

၆။ ဗီဒီယိုတွေကလည်း In-Stream Ads ထည့်ဖို့ခွင့်ပြုထားတဲ့ ဘာသာစကားနဲ့ ဖြစ်ရပါမယ်။

ဖော်ပြပါ အချက် ၆ချက်ထဲမှာ နံပတ်(၁) ကနေ (၄) အထိ ကိုက်ညီမှုရှိရင် In-Stream Ads အတွက် သတ်မှတ်ထားတဲ့ နိုင်ငံနဲ့ ဘာသာစကားကို ကျော်လွှားပြီး Monetization လုပ်လို့ရတဲ့ နည်းလမ်းရှိပါတယ်။

အချို့တွေက Facebook In-Stream Ads ရချင်လို့ အဆင်သင့် Setup လုပ်ပြီးသား In-Stream Ads Ready Page တွေ ဝယ်လိုက်တာမျိုးရှိပေမယ့် Monetize Myanmar အနေနဲ့ကတော့ အဲ့ဒီလို Ready made setup page တွေ ဝယ်ဖို့ အားမပေးပါဘူး။ ယခင်မူလ Page ပိုင်ရှင်အဟောင်းမှာ အိုကေနေပေမယ့် ကိုယ့်လက်ထဲရောက်တော့မှ ပြဿနာ ဖြစ်တတ်တာမျိုးတွေလည်း ရှိတာကြောင့် အစအဆုံး ကိုယ်တိုင်အားထုတ်ကြိုးစားဖို့ဘဲ အားပေးပါတယ်။

Facebook In-Stream Ads Monetization လုပ်တဲ့အခါ အတော်များများ ကြုံရတဲ့ ပြဿနာက Content Policies တွေနဲ့ ငြိစွန်းတဲ့ ကိစ္စတွေပါ။ Monetization ရအောင် ကတုံးပေါ်ထိပ်ကွက်တဲ့ နည်းလမ်းတွေရှိပေမယ့် အချိန်တန်ရင် အဲ့ဒီပြဿနာတွေပြန်ပေါ်ပြီး In-Stream Ads ကို လက်လွှတ်ဆုံးရှုံးရမှာ သေချာပါတယ်။ ဒါကြောင့် Copyright ငြိစွန်းမယ့် ဗီဒီယိုတွေ၊ သူများတင်ထားတဲ့ ဗီဒီယိုတွေကို ပြန်တင်တာမျိုးတွေ မလုပ်ရပါဘူး။

Content Policies တွေနဲ့ ကိုက်ညီမှုရှိလည်းရှိပြီ၊ Facebook က သတ်မှတ်ထားတဲ့ Watch Hour တွေလည်း ပြည့်နေပြီဆိုရင်တော့ In-Stream Ads Monetization ကို လျှောက်လို့ရပါပြီ။

ကိုယ်က မြန်မာပြည်မှာနေနေတယ်ဆိုရင်တော့ In-Stream Monetization ကို Page မှာ Available ဖြစ်နေပေမယ့် မလျှောက်သင့်ပါဘူး။ အကယ်၍ လျှောက်လိုက်မယ်ဆိုရင် Pre-Enrolled Page အဖြစ် စာရင်းဝင်သွားပြီး မြန်မာနိုင်ငံကို Facebook က In-Stream Ads Monetization ပေးမှ လျှောက်လို့ရတော့မှာ ဖြစ်ပါတယ်။

မြန်မာပြည်မှာနေနေတယ်၊ In-Stream Ads Monetization ကို ဘယ်လိုလျှောက်မလဲ

အကယ်၍ ကိုယ်က မြန်မာပြည်မှာဘဲ နေမယ်၊ In-Stream Ads Monetization လည်းလျှောက်ချင်တယ်ဆိုရင်တော့ နည်းလမ်းရှိပါတယ်။ အဲ့ဒါကတော့ မြန်မာပြည် အခြေပြုမဟုတ်တဲ့ Content Management Service တွေ၊ Monetization Service တွေလုပ်ပေးနေတဲ့ ကျွမ်းကျင်ပညာရှင်၊ ဒါမှမဟုတ် ကုမ္ပဏီတစ်ခုခုကို အပ်ရမှာ ဖြစ်ပါတယ်။

အဲ့ဒီလို ဝန်ဆောင်မှုကုမ္ပဏီ ဒါမှမဟုတ် ကျွမ်းကျင်ပညာရှင်တွေကို အပ်တဲ့အခါ မိမိရဲ့ Page Owner ( Administrator) ကနေ ထွက်ပေးရမှာ ဖြစ်ပါတယ်။ Facebook Page ကို ကိုင်တွယ်ထားတဲ့ Admin, Editor စတဲ့ Position အားလုံးတို့ဟာ Facebook က သတ်မှတ်ထားတဲ့ နိုင်ငံအတွင်းမှာ ရှိရမှာဖြစ်တာကြောင့် မြန်မာပြည်က Page Owner ကိုယ်တိုင် Page Admin ကနေ ထွက်ပေးဖို့ လိုပါတယ်။ ​ဒီနေရာမှာ Facebook Gaming Partner တွေဆိုရင်တော့ ချွင်းချက်ဖြစ်ပါတယ်။

ဒီလိုမျိုး ဝန်ဆောင်မှုတွေကို အပ်နှံတဲ့အခါမှာလည်း လိမ်လည်မှုတွေရှိတတ်ပါတယ်။ အချို့က လျှောက်ပေးမယ် Admin ခန့်ပေးဆိုပြီး ကိုယ်က ခန့်ပေးပြီးကာမှ မိမိကို Admin role ကနေ ဖြုတ်ပြီး Page ကို လိမ်လည်ခိုးယူသွားတာမျိုးလည်း ရှိတတ်ပါတယ်။ ပြန်လည်ရယူနိုင်မယ့် နည်းလမ်းရှိပေမယ့် အချိန်တစ်ခုပေးရမှာရယ်၊ စိတ်အနှောက်အယှက် ဖြစ်ရမှာရယ်ကြောင့် သတိကြီးကြီးထားတာ အကောင်းဆုံးပါ။

In-Stream Ads Monetization ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီ ဒါမှမဟုတ် ကျွမ်းကျင်ပညာရှင်က သင့်ရဲ့ Facebook Page ကို Administrator Role အဖြစ် တာဝန်ယူပြီး သင့်ရဲ့ Video Content တွေကို တင်ပေးရတာဖြစ်ပါတယ်။ ဒါ့အပြင် Payment အတွက် သူတို့ရဲ့ ဘဏ်အကောင့်၊ နေရပ်လိပ်စာနဲ့ TIN number ( Taxpayer Identification Number – အခွန်ထမ်းမှတ်ပုံတင်အမှတ်) တို့ဖြည့်စွက်ကာ ဝင်ငွေကို လက်ခံပေးတာမျိုး လုပ်ပေးတာ ဖြစ်ပါတယ်။ Facebook In-Stream Ads Monetization က ဝင်လာတဲ့ စုစုစုပေါင်းဝင်ငွေပမာဏကို ရာခိုင်နှုန်းအလိုက် ဝန်ဆောင်ခပေးရတဲ့နှုန်းကတော့ သင်နဲ့ ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီ ဒါမှမဟုတ် ကျွမ်းကျင်ပညာရှင်တို့ကြားရဲ့ သဘောတူညီမှု အပေါ်မူတည်ပြီး ကွဲပြားသွားမှာ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ Facebook In-Stream Ads Monetization အကြောင်းကို တော်တော်လေး သဘောပေါက်သွားမယ်လို့ ယူဆပါတယ်။ Monetize Myanmar က တင်ဆက်ရေးသားထားတဲ့ Content Creator အကြောင်းနဲ့ Monetization မိတ်ဆက်တို့ကိုလည်း မဖတ်ရသေးရင် ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ အားလုံးဘဲ ဝင်ငွေကောင်းတဲ့ Content Creator တွေဖြစ်ကြပါစေလို့ Monetize Myanmar က ဆုတောင်းပေးလိုက်ပါတယ်။

Monetize Myanmar ဆိုတာ

Monetize Myanmar ဆိုတာ Content Creator တွေအတွက် Monetization ဝန်ဆောင်မှု၊ သိထားရမယ့် Tips & Tricks လေးတွေနဲ့ Income Revenue Optimization အကြောင်းလေးတွေကို မျှဝေသွားမယ့် Page လေး ဖြစ်ပါတယ်။

Monetize Myanmar ရဲ့ Monetization Service ဟာ Video Content တွေ ဖန်တီးတဲ့ Content Creator အတွက်တင်မဟုတ်ဘဲ မိမိကိုယ်ပိုင် ဝက်ဘ်ဆိုဒ်နဲ့ Content တွေဖန်တီးနေသူများအတွက်ပါ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။

Monetization Myanmar ရဲ့ Facebook Page ကိုလည်း Like and Follow လုပ်ခဲ့ပေးဖို့လည်း ဒီနေရာကနေ တောင်းဆိုလိုက်ပါတယ်။ Monetize Myanmar ဟာ Myanmar End User နဲ့ပူးပေါင်းပြီး Content တွေတင်ဆက်နေတာကြောင့် Myanmar End User ရဲ့ YouTube Channel ကိုလည်း Subscribe လုပ်ခဲ့ပေးဖို့ ဒီနေရာကနေ တောင်းဆိုချင်ပါတယ်ခင်ဗျာ။

Tags: content creatorfacebook​In-Stream-Adsmonetization
Monetize Myanmar

Monetize Myanmar

Monetize Myanmar ဆိုတာ Content Creator တွေအတွက် Monetization ဝန်ဆောင်မှု၊ သိထားရမယ့် Tips & Tricks လေးတွေနဲ့ Income Revenue Optimization အကြောင်းလေးတွေကို မျှဝေသွားမယ့် Page လေး ဖြစ်ပါတယ်။ Monetize Myanmar ရဲ့ Monetization Service ဟာ Video Content တွေ ဖန်တီးတဲ့ Content Creator အတွက်တင်မဟုတ်ဘဲ မိမိကိုယ်ပိုင် ဝက်ဘ်ဆိုဒ်နဲ့ Content တွေဖန်တီးနေသူများအတွက်ပါ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

Related Posts

MIT Expert ပြောပြတဲ့ လူတိုင်းသိရမည့် AI skill
Howto

MIT Expert ပြောပြတဲ့ လူတိုင်းသိရမည့် AI skill

September 23, 2023
သင့်ကိုချမ်းသာအောင်လုပ်ပေးနိုင်မယ့် AI က ပြောပြတဲ့ Business Ideas များ
Knowledge

သင့်ကိုချမ်းသာအောင်လုပ်ပေးနိုင်မယ့် AI က ပြောပြတဲ့ Business Ideas များ

September 15, 2023
လုပ်ငန်းခွင် မှ Innovation ရဲ့ နည်းလမ်းများ
Knowledge

လုပ်ငန်းခွင် မှ Innovation ရဲ့ နည်းလမ်းများ

September 13, 2023
လုပ်ငန်းခွင်က လူတိုင်းအတွက် အသုံးတည့်မယ့် PDFGear
Howto

လုပ်ငန်းခွင်က လူတိုင်းအတွက် အသုံးတည့်မယ့် PDFGear

September 3, 2023
လုပ်ငန်းရှင်တွေအနေနဲ့​ Self-Promotion ဘယ်လိုလုပ်ကြမလဲ
Howto

လုပ်ငန်းရှင်တွေအနေနဲ့​ Self-Promotion ဘယ်လိုလုပ်ကြမလဲ

August 23, 2023
အလုပ်ရှင်တိုင်းတွေ့ချင်ကြတဲ့ Resume ထဲက Skills များ
Knowledge

အလုပ်ရှင်တိုင်းတွေ့ချင်ကြတဲ့ Resume ထဲက Skills များ

August 19, 2023
Next Post
Adobe Illustrator နဲ့ 3D Icons တွေဖန်တီးကြမယ် ( How to Create 3D Icons in Illustrator)

Adobe Illustrator နဲ့ 3D Icons တွေဖန်တီးကြမယ် ( How to Create 3D Icons in Illustrator)

Discussion about this post

Follow Us on TikTok

Graphic Design

Photoshop မှာ Generative AI Feature ကို ထည့်သွင်းလိုက်တဲ့ Adobe
Graphic Design

Photoshop မှာ Generative AI Feature ကို ထည့်သွင်းလိုက်တဲ့ Adobe

by AI Tomorrow
May 24, 2023
Social Media Graphic Design တွေကို အလိုအလျောက်ဖန်တီးပေးနိုင်တဲ့ Microsoft Designer AI
Graphic Design

Social Media Graphic Design တွေကို အလိုအလျောက်ဖန်တီးပေးနိုင်တဲ့ Microsoft Designer AI

by AI Tomorrow
April 29, 2023
ဒီဇိုင်း
Graphic Design

ဒီဇိုင်း တစ်ခုဆွဲမယ်ဆိုရင် အရောင်တွေကို ဘယ်လိုရွေးချယ်ရမလဲ?

by Kaung Wai Yan
March 15, 2023
DALL-E 2 AI
Graphic Design

DALL-E 2 ကို သုံးပြီး AI Generated Picture တွေဖန်တီးကြမယ်

by Kaung Wai Yan
March 11, 2023
  • About Us
  • Privacy Policy
  • Data Deletion Request
  • About Us
  • Privacy Policy
  • Data Deletion Request

© 2023 Myanmarenduser.com

No Result
View All Result
  • Home
  • News
  • Howto
  • Graphic Design
    • Photoshop
    • Illustrator
  • Lifestyle
  • Monetization
  • Travel
  • Services
    • In-Stream Ads Monetization Service

© 2023 Myanmarenduser.com

Welcome Back!

Sign In with Facebook
Sign In with Google
OR

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.