Google Adsense ရဲ့ Site Management Update ဆိုတာ

ဒီနေ့မှာတော့ Google Adsense နဲ့ Monetization လုပ်ထားတဲ့ Web Publisher များသိထားသင့်တဲ့ Google Adsense Site Management Update လေး အကြောင်းကို Monetize Myanmar ကနေ မျှဝေသွားပါမှာဖြစ်ပါတယ်။

Google Adsense Admin Panel | Monetize Myanmar

ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ Google Adsense Site Management Update ကို Google က ထုတ်ပြန်ကြေငြာခဲ့ပြီး အဓိက ပြောစရာ Update က ၂ ခုဘဲ ရှိပါတယ်။

The Look and Feel

Minor Changes လို့ဘဲပြောရပါမယ်။ Site အသစ် Add တဲ့အခါ မြင်ရမယ့် Visual Design လေး နည်းနည်းပြောင်းသွားရုံပါဘဲ။

Subdomain Management

အရင်က Adsense Approved ရပြီးသား Domain ရဲ့ Subdomain ကို Adsense Monetization လုပ်ချင်တဲ့အခါ Subdomain ကို သီးသန့်ထည့်ပေးရပါတယ်။ အဲ့ဒီလို Subdomain ထည့်ထားမှ Ads တွေဖော်ပြပေးတာ ဖြစ်ပါတယ်။

အခု Update မှာတော့ Subdomain ကို ထည့်ပေးစရာမလိုဘဲ Adsense Ads Code ကို တိုက်ရိုက်သုံးနိင်ပါတယ်။ ကိုယ့် Adsense Unit သုံးထားတဲ့ Subdomain တွေကို အလိုအလျောက် Adsense Sites Panel မှာ ဖော်ပြပေးမှာဖြစ်ပါတယ်။ အကယ်၍ ကိုယ့်ရဲ့ Subdomain အချို့ကို Adsense Ads Unit Serving မလုပ်စေချင်ရင်တော့ Adsense Ads မပြစေချင်တဲ့ Subdomain ကို blocklist ထဲထည့်ထားနိုင်ပါတယ်။

Ads.Txt Display

Adsense သုံးထားတဲ့ Website တွေအနေနဲ့ Ads.txt ကို ကြေငြာပေးဖို့ Google Adsense က Recommend ပေးလေ့ရှိပါတယ်။ ဒါကြောင့် ဘယ် Domain က Ads.txt File ကို Update လုပ်ထားလဲ၊ မလုပ်ရသေးဘူးလားဆိုတာကိုလည်း Domain နဲ့ ကပ်ရပ် Column မှာ ပြသပေးမှာဖြစ်ပါတယ်။ ဒါကတော့ ကြီးကြီးမားမား Update တော့ မဟုတ်ပါဘူး။ အရင်ကလည်း Ads.txt File မရှိတဲ့ Domain ကို ပြပါတယ်။ အခု Update မှာက မျက်စိနဲ့မြင်ရတဲ့ Visual Design လေးကို ပြင်ပေးလိုက်ရုံပါဘဲ။

Site Review Times

Adsense လျှောက်တဲ့အခါ အရင်ကထက် Review Time ပိုပြီးမြန်လာမယ်လို့ ပြောပါတယ်။ ဒါကလည်း အခြေအနေအရပ်ရပ်ပေါ်မူတည်လို့ အချို့အခြေအနေမှာလည်း ကြာချင်ကြာနိုင်အုံးမှာပါ။ ရင်ခုန်စရာ Update တော့ မဟုတ်ပါဘူး။

အခုအထက်မှာပြောခဲ့တဲ့ Update တွေက မတ်လ ၂၀ရက်၊ ၂၀၂၃ မှာ စတင်ပြောင်းလဲမှာဖြစ်ပါတယ်။

ဒါဆိုရင်တော့ Feb 20, 2023 မှာ ထုတ်ပြန်ကြေငြာခဲ့တဲ့ Google Adsense Site Management Update နဲ့ပတ်သတ်ပြီး သဘောပေါက်နားလည်ပြီလို့ ယူဆပါတယ်။ Monetize Myanmar ကနေ Content Creator တွေအတွက် Monetization ဆိုင်ရာအကြောင်းအရာတွေနဲ့ သတင်း Update တွေကို တင်ဆက်ပေးနေတာဖြစ်ပြီး Monetize Mynamr ရဲ့ Video Content တွေကိုတော့ MEU နဲ့ ပူးပေါင်းပြီးတင်ဆက်တာဖြစ်လို့ MyanmarEndUser Youtube Channel ကိုလည်း Subscribe လုပ်ပြီး အားပေးကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

Content Creator တွေအနေနဲ့ အခြားဖတ်ရှုသင့်သော ပိုစ့်များ

Monetize Myanmar ဆိုတာ 

Monetize Myanmar ဆိုတာ Content Creator တွေအတွက် Monetization ဝန်ဆောင်မှု၊ သိထားရမယ့် Tips & Tricks လေးတွေနဲ့ Income Revenue Optimization အကြောင်းလေးတွေကို မျှဝေသွားမယ့် Page လေး ဖြစ်ပါတယ်။

Monetize Myanmar ရဲ့ Monetization Service ဟာ Video Content တွေ ဖန်တီးတဲ့ Content Creator အတွက်တင်မဟုတ်ဘဲ မိမိကိုယ်ပိုင် ဝက်ဘ်ဆိုဒ်နဲ့ Content တွေဖန်တီးနေသူများအတွက်ပါ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။

Monetization Myanmar ရဲ့ Facebook Page ကိုလည်း Like and Follow လုပ်ခဲ့ပေးဖို့လည်း ဒီနေရာကနေ တောင်းဆိုလိုက်ပါတယ်။

Exit mobile version