Video Content Creator တွေ သိရမယ့် Youtube Audio Library နဲ့ Facebook Sound Collection Copyright အကြောင်း

MonetizeMyanmar အနေနဲ့ Copyright တွေအကြောင်းကို MyanmarEndUser Website နဲ့ Youtube Channel မှာ ရေးသားမျှဝေထားပြီးပြီဖြစ်ပေမယ့် အချို့တွေက Video ကို ဆုံးအောင် မကြည့်ကြတာရယ်၊ စာအရှည်ကြီးတွေ မဖတ်နိင်တဲ့သူတွေရှိတာကြောင့် အမေးများတဲ့ Audio Copyright Issue ကိစ္စကိုဘဲ သီးသန့်ခွဲထုတ်ပြီး ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

Monetization အကြောင်းကို Content Creator တွေအတော်များများ သိပြီးကြပေမယ့် တစ်ကယ်တမ်း Content တွေဖန်တီးတဲ့အခါ Audio Copyright Issue တွေက အတော်လေး အဖြစ်များတဲ့ ကိစ္စဖြစ်ပါတယ်။ အချို့ Video Content Creator တွေက Youtube Audio Library ထဲက Audio ကိုယူပြီး Video Content တွေဖန်တီးကြပေမယ့် တစ်ကယ်တမ်း Copyright အရဆိုရင် Youtube Audio Library ထဲက Audio ဟာ Youtube Platform အတွက်ဘဲ ဖြစ်တယ်ဆိုတာ သိထားဖို့လိုပါတယ်။

ထို့အတူဘဲ Facebook Sound Collection ထဲက Audio တွေဟာလည်း Facebook Platform အပေါ်အတွက်သာ Copyright Cover ဖြစ်တာ ဖြစ်ပါတယ်။

ဒါကြောင့် Youtube Audio Library ထဲက Audio ကို Facebook ပေါ်တင်ပြီးသုံးရင် Copyright Claim တွေဖြစ်လာနိုင်သလို Facebook Platform ပေါ်က Monetize လုပ်လို့ရလာတဲ့ ကြော်ငြာခဝင်ငွေတွေကို Audio Owner ဆီ 90% ခန့် Revenue Sharing လုပ်ပေးလိုက်ရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Youtube Audio Library ထဲက Audio တွေဆိုတာ Youtube Platform အတွက်ဘဲ Copyright Cover ဖြစ်တာဖြစ်ပြီး Facebook Platform ပေါ်မှာ Copyright Cover မဖြစ်ပါဘူး။

MonetizeMyanmar ရဲ့ လက်ရှိအတွေ့အကြုံအရ နဲ့ စမ်းသပ်ချက်တွေအရ Youtube Audio Library ထဲက Audio တွေနဲ့ ဖန်တီးထားတဲ့ Video Content ကို Facebook ပေါ်မှာ Monetization လုပ်တဲ့အခါ Revenue 90% က Audio Copyright Holder ဆီ ရောက်သွားတာကို တွေ့ရပါတယ်။

Facebook Sound Collection ထဲက Audio အချို့နဲ့ Youtube ပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါတော့ Copyright Claim တက်ပေမယ့် Owner Allows ဖြစ်တယ်လို့ ပေါ်တာကြောင့် Revenue ကို ထိခိုက်ခြင်း မရှိပါဘူး။ ဒါကလည်း ပုံသေကားချပ်တွက်လို့ မရသလို Facebook ရဲ့ ပေါ်လစီမှာ ဖော်ပြချက်အရ Facebook Sound Collection ဟာ Facebook Platform ပေါ်အတွက်ဘဲ Copyright Cover ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ကိုယ်က Youtube + Facebook Platform ၂ခုလုံးမှာ Video Content ကို Quality ကောင်းကောင်းနဲ့ ဖန်တီးတင်ဆက်သူဆိုရင်တော့ Youtube Audio Library နဲ့ Facebook Sound Collection ထဲက Audio တွေကို အသုံးပြုတာကို ရှောင်သင့်ပြီး Stock Audio/Sound Collection တွေကို လစဉ်ကြေးနဲ့ ဝယ်သုံးပြီး Video Content ဖန်တီးတာမျိုး လုပ်သင့်ပါတယ်။

ဒါမှသာလျှင် Platform ၂ခုလုံးမှာ Copyright Issue တွေမရှိဘဲ အဆင်ပြေပြေ Video Content တွေဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ Youtube Audio Library နဲ့ Facebook Sound Collection ထဲက Audio တွေကို အခြေအနေအလိုက် သုံးသင့်၊ မသင့် ကိုယ်တိုင် စဉ်းစားဆုံးဖြတ်နိုင်ပြီလို့ ယူဆပါတယ်။

MonetizeMyanmar ရဲ့ ရေးသားဖော်ပြချက်တွေဟာ Content Creator တွေအတွက် အကျိုးရှိမယ်လို့ ယူဆရင် MonetizeMyanmar ရဲ့ Facebook Page လေးကို Like and Follow လုပ်သွားပေးနိုင်ပါတယ်။

Content Creator တွေအနေနဲ့ အခြားဖတ်ရှုသင့်သော ပိုစ့်များ

Monetize Myanmar ဆိုတာ 

Monetize Myanmar ဆိုတာ Content Creator တွေအတွက် Monetization ဝန်ဆောင်မှု၊ သိထားရမယ့် Tips & Tricks လေးတွေနဲ့ Income Revenue Optimization အကြောင်းလေးတွေကို မျှဝေသွားမယ့် Page လေး ဖြစ်ပါတယ်။

Monetize Myanmar ရဲ့ Monetization Service ဟာ Video Content တွေ ဖန်တီးတဲ့ Content Creator အတွက်တင်မဟုတ်ဘဲ မိမိကိုယ်ပိုင် ဝက်ဘ်ဆိုဒ်နဲ့ Content တွေဖန်တီးနေသူများအတွက်ပါ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။

Exit mobile version