Meta က ၎င်းတို့ရဲ့ WhatsApp ကနေ အခြား Messaging App များဆီ စာပို့နိုင်တဲ့ Feature အသစ်တစ်ခုကို စမ်းသပ်ထုတ်လုပ်နေတယ်လို့ သိရှိရပါတယ်။ WhatsApp ရဲ့ Beta Version မှာ လက်ရှိစမ်းသပ်နေတဲ့ Feature ကို “Third-Party Chats” နာမည်ပေးထားတာဖြစ်ပြီ အဆိုပါ Feature က Signal နဲ့ Telegram တို့လို Messaging App များဆီ WhatsApp ကိုအသုံးပြုပြီး Message များပေးပို့နိုင်မှာ ဖြစ်ပါတယ်။
![](https://bunny-wp-pullzone-wi4ruizkvc.b-cdn.net/wp-content/uploads/2023/09/messaging.jpg)
အဆိုပါ Feature ကို စမ်းသပ်တည်ဆောက်နေဆဲဖြစ်တာကြောင့် ဘယ်ချိန်ထုတ်လုပ်ဖြန့်ချီလာမလဲဆိုကိုတော့ မသိရသေးပါ။ Messaging App များနဲ့ ချိတ်ဆက်အသုံးပြုနိုင်အောင် အခြား App Company များရဲ့ သဘောတူညီချက်နဲ့ 2022 ခုနှစ် ဇူလိုင်လမှာ အတည်ပြုထားတဲ့ ဒစ်ဂျစ်တယ်စျေးကွက်အက်ဥပဒေ (DMA) ရဲ့ စည်းကမ်းချက်များကို လက်ခံလိုက်နာမှသာ ၎င်း Feature ကို အကောင်ထည်ဖော်လို့ရမှာ ဖြစ်ပါတယ်။ Company က WhatsApp ရဲ့ “Third-Party Chats” Feature ကို ဘယ်လိုအကောင်ထည်ဖော်ထုတ်လုပ်သွားမလဲ ဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရှိရသေးပါ။ ကျွမ်းကျင်တဲ့ ခန့်မှန်းပြောဆိုသူတွေရဲ့ ပြောကြားချက်အရတော့ အဆိုပါ Feature အား “Universal Profile” လို့ခေါ်တဲ့ နည်းပညာကိုအသုံးပြုနိုင်တယ်လို့ သိရှိရပါတယ်။
Discussion about this post