ဘာစီလိုနာမှာ ကျင်းပခဲ့တဲ့ Mobile World Congress (MWC) နည်းပညာပြပွဲမှာ တရုတ် နည်းပညာကုမ္ပဏီ Lenovo ဟာ ကမ္ဘာ့ ပထမဦးဆုံးသော Solar နဲ့ အလုပ်လုပ်မယ့် Laptop ကို ချပြခဲ့တာ ဖြစ်ပါတယ်။

Lenovo ရဲ့ Solar Laptop ကို Yoga Solar PC လို့ နာမည်ပေးထားပြီး ၎င်းဟာ အခုမှ Concept သာ ဖြစ်ကြောင်း သိရပါတယ်။ ပုံထဲမှာ မြင်ရတဲ့အတိုင်း Laptop ရဲ့ အပေါ်ဘက် မျက်နှာပြင် တစ်ခုလုံးဟာ Solar Panel နဲ့ ဖြစ်နေမှာပါ။ Lenovo ရဲ့ ပြောပြမှုအရ ၎င်း Solar Panel များဟာ အထူးထုတ်လုပ်ထားတဲ့ Solar Panel တွေ ဖြစ်ပြီး နေရောင်တိုက်ရိုက်ထိတဲ့ နေရာမှာ မိနစ် ၂၀ လောက်ထားပေးလိုက်ရင် ၁နာရီလောက်ရှိတဲ့ Video ကို ကြည့်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

Solar Laptop ဟာ Lenovo ရဲ့ Yoga Laptops အဖွဲ့ထဲမှာ ပါဝင်မှာ ဖြစ်တာကြောင့် ပါးလွှာပြီး ပေါ့ပါးမှာ ဖြစ်ပါတယ်။ Lenovo ရဲ့ ပြောပြမှုအရ Laptop ရဲ့ အထူဟာ ၁၅ မီလီမီတာ ဖြစ်ပြီး အလေးချိန်ကတော့ ၁.၂၂ ကီလိုဂရမ် ရှိမှာဖြစ်ကြောင်း သိရပါတယ်။ နေရောင် တိုက်ရိုက်ထိတွေ့တဲ့ နေရာမှာဆိုရင် Laptop ကို စိတ်ကြိုက် အသုံးပြုနိုင်မှာ ဖြစ်ပြီး အခန်းတွင်း အလင်းရောင်မှာဆိုရင် သာမန်အသုံးပြုမှုတွေကို Battery အားမလျော့ပဲ အသုံးပြုနိုင်မှာ ဖြစ်ကြောင်း Lenovo က ပြောပါတယ်။
MWC ပွဲမှာ Lenovo ရဲ့ Yoga Solar PC ကို မြင်တွေ့ခဲ့သူများရဲ့ သုံးသပ်ချက်တွေကတော့ ကောင်းတဲ့ သုံးသပ်ချက်တွေရှိသလို မကောင်းတဲ့ သုံးသပ်ချက်တွေလည်း ရှိနေတာ တွေ့ရပါတယ်။ ဒါ့ပေမယ့် ၎င်း Laptop ဟာ Concept သာ ဖြစ်လို့ လက်တွေ့မှာ ထုတ်ဖြစ်၊ မထုတ်ဖြစ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
Discussion about this post