Myanmar End User
  • Home
  • News
  • Howto
  • Graphic Design
    • All
    • Illustrator
    • Photoshop
    Photoshop မှာ Generative AI Feature ကို ထည့်သွင်းလိုက်တဲ့ Adobe

    Photoshop မှာ Generative AI Feature ကို ထည့်သွင်းလိုက်တဲ့ Adobe

    Social Media Graphic Design တွေကို အလိုအလျောက်ဖန်တီးပေးနိုင်တဲ့ Microsoft Designer AI

    Social Media Graphic Design တွေကို အလိုအလျောက်ဖန်တီးပေးနိုင်တဲ့ Microsoft Designer AI

    ဒီဇိုင်း

    ဒီဇိုင်း တစ်ခုဆွဲမယ်ဆိုရင် အရောင်တွေကို ဘယ်လိုရွေးချယ်ရမလဲ?

    DALL-E 2 AI

    DALL-E 2 ကို သုံးပြီး AI Generated Picture တွေဖန်တီးကြမယ်

    သင်မသိလောက်သေးတဲ့ Photoshop အသုံပြုပုံ (၅) မျိုး

    သင်မသိလောက်သေးတဲ့ Photoshop အသုံပြုပုံ (၅) မျိုး

    Line Theory – Line တွေကို ဆရာကျကျ ဒီဇိုင်းမှာသုံးကြမယ်

    Line Theory – Line တွေကို ဆရာကျကျ ဒီဇိုင်းမှာသုံးကြမယ်

    Photoshop ထဲက Distort Displace ကိုသုံးပြီး ရေပြင်မှာ အရိပ်အတုလုပ်ကြမယ်

    Photoshop ထဲက Distort Displace ကိုသုံးပြီး ရေပြင်မှာ အရိပ်အတုလုပ်ကြမယ်

    Photoshop သုံးပြီး Glass Effect Style တစ်ခု လုပ်ကြမယ်

    Photoshop သုံးပြီး Glass Effect Style တစ်ခု လုပ်ကြမယ်

    Perspective Warp ဆိုတာဘာလဲ၊ ဘယ်လိုသုံးရလဲ?

    Perspective Warp ဆိုတာဘာလဲ၊ ဘယ်လိုသုံးရလဲ?

    • Photoshop
    • Illustrator
  • Lifestyle
  • Monetization
  • Travel
  • Services
    • In-Stream Ads Monetization Service
No Result
View All Result

Google Adsense Ads Unit

Web Publisher တိုင်းသိထားသင့်တဲ့ Google Adsense Ads Unit တွေအကြောင်း

Monetize Myanmar by Monetize Myanmar
March 6, 2023
in Monetization
Reading Time: 4 mins read
0
0
SHARES
178
VIEWS
Share on FacebookShare on TwitterShare on Telegram
ADVERTISEMENT

Google Adsense Monetization မိတ်ဆက်ကို ဖတ်ထားပြီးမှ အခုရေးသားထားတဲ့ Adsense Ads Unit တွေအကြောင်းကို ဖတ်ဖို့ အကြံပြုချင်ပါတယ်ခင်ဗျာ။ Youtube Channel Owner တွေအတွက်ကတော့ Ads Unit တွေကို သီးသန့်ထိန်းချုပ်ပြင်ဆင်စရာမလိုပေမယ့် Web Publisher တွေကတော့ Ads Unit တွေကို စိတ်ကြိုက်ပြင်ဆင်နိုင်မှာ ဖြစ်လို့ ဒီပိုစ့်က အတော်လေး အထောက်အကူပြုစေမှာပါ။

Google Adsense Approve ရထားတဲ့ Website တွေအနေနဲ့ Ads Unit တွေကို မိမိတို့ စိတ်ကြိုက်ပြင်ဆင်နိုင်ဖို့ အောက်ပါ Ads Unit တွေကို သိထားဖို့လိုပါတယ်။

Table of Contents

  • Google Adsense Ads Unit
    • 1. Display Ads
    • 2. In-Feed Ads
    • 3. In-Article Ads
    • 4. Multiplex Ads
    • 5. Auto Ads
  • Interstitial Ads ဆိုတာ

Google Adsense Ads Unit

  1. Display Ads
  2. In-Feed Ads
  3. In-Article Ads
  4. Multiplex Ads
  5. Auto Ads

1. Display Ads

Display Ads ဆိုတာ Google Adsense ရဲ့ အကောင်းဆုံး Ads Unit တစ်ခုဖြစ်ပါတယ်။ Google Adsense ကိုယ်တိုင်က Recommend လုပ်တဲ့ Ads Unit ဖြစ်ပြီးတော့ Display မျိုးစုံ၊ Screen Size မျိုးစုံနဲ့ နေရာမရွေး Ads ဖော်ပြနိုင်ပါတယ်။ Monetize Myanmar ရဲ့ အတွေ့အကြုံအရဆိုရင်လည်း Display Ads တွေက ပိုပြီး ဝင်ငွေကောင်းတဲ့ Ads Unit အမျိုးအစားဖြစ်ပါတယ်။

Adsense Ads Unit
​Display Ads Units

Display Ads တွေက Responsive ဖြစ်တဲ့အတွက် Ads Size ကို သီးသန့်ကြီး ချိန်ညှိစရာမလိုပါဘူး။ အကယ်၍ ကိုယ်က Fixed Ads Unit လိုချင်တယ်ဆိုရင်တော့ Ads Unit Width and Height ကို မိမိကိုယ်တိုင်ချိန်ညှိနိုင်ပါတယ်။

2. In-Feed Ads

News Feed တွေကြားထဲမှာ ဖော်ပြတဲ့ Ads Unit အမျိုးအစားဖြစ်ပါတယ်။ အကယ်၍ ကိုယ့် Website မှာ Feed Section တွေပါမယ်၊ Feed List function တွေပါတယ်ဆိုရင်တော့ Feed တွေကြားထဲမှာ ထည့်ဖို့ အသုံးပြုနိုင်ပါတယ်။

Adsense Ads Unit
In-Feed Ads

3. In-Article Ads

In-Article Ads ဆိုတာ စာပိုဒ်တွေကြားထဲမှာ ဖော်ပြဖို့ ရည်ရွယ်ထားတဲ့ Ads Unit တစ်ခုဖြစ်ပါတယ်။ In-Article Ads ရဲ့ ထူးခြားချက်က Ads Unit ရဲ့ Font, Color, Background တွေကို မိမိစိတ်ကြိုက်ပြင်ဆင်နိုင်တာဘဲ ဖြစ်ပါတယ်။ ဒါကြောင့် မိမိ Website Design နဲ့လိုက်ဖက်မယ့် Font တွေ၊ Color တွေကို Ads Unit မှာ ပြင်ဆင်လို့ရတဲ့ အားသာချက်ရှိပါတယ်။

ADVERTISEMENT
Adsense Ads Unit
In-Article Ads /Native Ads

4. Multiplex Ads

Content Recommendation Style Ads Unit ဖြစ်ပြီးတော့ မိမိ Website ရဲ့ Content Group တွေကြားထဲမှာ Native Ads ကို ဖော်ပြပေးတာဖြစ်ပါတယ်။ Taboola, MGID တို့လို Content Recommendation Native Ads နဲ့တူပါတယ်။ Article တွေရဲ့ အောက်ဆုံးနားမှာ ထားလေ့ဖော်ပြလေ့ရှိပါတယ်။

Adsense Ads Unit
Multiplex Ads /Content Recommendation Ads

5. Auto Ads

တစ်ကယ်​တော့ Auto Ads ဆိုတာ Ads Unit မဟုတ်ပါဘူး။ ဒီပိုစ့်မှာ list လုပ်ရလွယ်ကူအောင် နံပတ်(၅)ဆိုပြီး ရေးလိုက်တာပါ။ Auto Ads ဆိုတာ ခုနကပြောခဲ့တဲ့ Display Ads, In-Feed Ads, In-Article Ads, Multiplex Ads တွေကို ကိုယ်တိုင် Setting ချစရာမလိုဘဲ အလိုအလျောက် Setting ချပေးတဲ့ Ads အမျိုးအစားဖြစ်ပါတယ်။ Javascript Code တစ်ကြောင်းဘဲဖြစ်ပြီးတော့ Auto Ads အလုပ်လုပ်စေဖို့အတွက် Google Adsense Ads Setting မှာ Auto Ads အလုပ်လုပ်ဖို့အတွက် သီးသန့် On ရမှာ ဖြစ်ပါတယ်။

Auto Ads ရဲ့ အားသာချက်က ခုနကပြောတဲ့ Ads Unit တွေကို အလိုအလျောက်ဖြည့်စွက်ပေးသလို Interstitial Ads လုပ်ဆောင်ချက်ကိုလည်း လုပ်ဆောင်ပေးပါတယ်။

Interstitial Ads ဆိုတာ

Interstitial Ads ဆိုတာ Content တစ်ခုနဲ့တစ်ခုအကြား လုပ်ဆောင်ချက်တွေ ကူးပြောင်းတဲ့အချိန်မှာ Screen တစ်ခုလုံးကို ဖုံးလွှမ်းပြသတဲ့ Ads အမျိုးအစားဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆောင်းပါးတစ်ပုဒ်ဖတ်ပြီး နောက်တစ်ပုဒ်ဖတ်ဖို့ နောက်ထပ်ဆောင်းပါးကို ထောက်ကြည့်လိုက်တဲ့အချိန်မှာ Screen တစ်ခုလုံးကို ဖုံးလွှမ်းပြသတဲ့ Ads အမျိုးအစားဖြစ်ပါတယ်။

Interstitial Ads Setting ချတဲ့အခါ မိမိစိတ်ကြိုက် Manual ချနိုင်တယ်ဆိုပေမယ့် User Activities တွေအကြောင်းကို ကောင်းမွန်စွာသဘောပေါက်နားလည်မှသာလျှင် လက်တွေ့မှာ user တွေအတွက် တစ်ကယ်အဆင်ပြေတဲ့ Web Experience/ Mobile Experience တွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ Activities တွေအကြောင်း နားမလည်ဘဲ ကလစ်ထောက်တိုင်း Ads ပြမယ်ဆိုရင်တော့ Viewer တွေ၊ User တွေအတွက် သိပ်အဆင်ပြေမှာမဟုတ်ဘဲ ကြော်ငြာတွေပြည့်သိပ်နေတယ်ဆိုပြီးတော့ အသုံးပြုမှုနည်းတဲ့ Web/App တွေဖြစ်ပြီး အကျိုးအမြတ်တွေ ကျဆင်းနိုင်ပါတယ်။

ဒါပေမယ့် Google Adsense ရဲ့ Auto Ads ကို အသုံးပြုမယ်ဆိုရင်တော့ အဲ့ဒီလို ခေါင်းရှုပ်စရာကိစ္စတွေ စဉ်းစားစရာမလိုတော့သလို အရာရာအဆင်ပြေချောမွေ့သွားမှာ ဖြစ်ပါတယ်။ Adsense ရဲ့ Auto Ads ကဘဲ Interstitial Ads ကို လိုသလို ချိန်ညှိဖော်ပြမှာဖြစ်လို့ Monetize Myanmar ကတော့ Auto Ads ကို အသုံးပြုဖို့ Recommend လုပ်ပါတယ်။

ဒါဆိုရင်တော့ Google Adsense ရဲ့ Ads Unit တွေအကြောင်းသိပြီဆိုရင်တော့ Ads Unit Optimization တွေလုပ်ပြီး ဝင်ငွေပိုကောင်းလာအောင် ကြံဆလို့ရနိုင်ပါပြီ။ Ads Optimization နဲ့ပတ်သတ်ပြီးတော့လည်း Monetize Myanmar က နောက်ထပ်ပိုစ့်တစ်ပုဒ်အနေနဲ့ တင်ဆက်ပေးပါအုံးမယ်။ လောလောဆယ်တော့ Monetize Myanmar တင်ဆက်ပေးနေတဲ့ Video တွေကို အချိန်နဲ့တစ်ပြေးညီကြည့်ရှုနိုင်ဖို့ Myanmar End User Youtube Channel ကိုလည်း Subscribe လုပ်ထားဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာ။

Monetize Myanmar ဆိုတာ 

Monetize Myanmar ဆိုတာ Content Creator တွေအတွက် Monetization ဝန်ဆောင်မှု၊ သိထားရမယ့် Tips & Tricks လေးတွေနဲ့ Income Revenue Optimization အကြောင်းလေးတွေကို မျှဝေသွားမယ့် Page လေး ဖြစ်ပါတယ်။

Monetize Myanmar ရဲ့ Monetization Service ဟာ Video Content တွေ ဖန်တီးတဲ့ Content Creator အတွက်တင်မဟုတ်ဘဲ မိမိကိုယ်ပိုင် ဝက်ဘ်ဆိုဒ်နဲ့ Content တွေဖန်တီးနေသူများအတွက်ပါ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။

Monetization Myanmar ရဲ့ Facebook Page ကိုလည်း Like and Follow လုပ်ခဲ့ပေးဖို့လည်း ဒီနေရာကနေ တောင်းဆိုလိုက်ပါတယ်။

Tags: Adsensecontent creatorGooglemonetizationPublishers
Monetize Myanmar

Monetize Myanmar

Monetize Myanmar ဆိုတာ Content Creator တွေအတွက် Monetization ဝန်ဆောင်မှု၊ သိထားရမယ့် Tips & Tricks လေးတွေနဲ့ Income Revenue Optimization အကြောင်းလေးတွေကို မျှဝေသွားမယ့် Page လေး ဖြစ်ပါတယ်။ Monetize Myanmar ရဲ့ Monetization Service ဟာ Video Content တွေ ဖန်တီးတဲ့ Content Creator အတွက်တင်မဟုတ်ဘဲ မိမိကိုယ်ပိုင် ဝက်ဘ်ဆိုဒ်နဲ့ Content တွေဖန်တီးနေသူများအတွက်ပါ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

Related Posts

Google Adsense Publisher များအနေနဲ့ ၂၀၂၄ ခုနှစ်အစပိုင်းမှ စတင်၍ GDPR Message မဖြစ်မနေ ဖော်ပြရမည်
Monetization

Google Adsense Publisher များအနေနဲ့ ၂၀၂၄ ခုနှစ်အစပိုင်းမှ စတင်၍ GDPR Message မဖြစ်မနေ ဖော်ပြရမည်

July 28, 2023
Twitter Monetization Program လျှောက်ထားတဲ့ Content Creator များကို ဒီအပတ်ထဲမှာ ငွေပေးချေမှု စတင်မယ်လို့ Twitter ကကြေညာ
News

Twitter Monetization Program လျှောက်ထားတဲ့ Content Creator များကို ဒီအပတ်ထဲမှာ ငွေပေးချေမှု စတင်မယ်လို့ Twitter ကကြေညာ

July 15, 2023
Youtube Video Creator တွေ သိထားရမယ့် Reused Content Policies အကြောင်း
Monetization

Youtube Video Creator တွေ သိထားရမယ့် Reused Content Policies အကြောင်း

June 24, 2023
Discord က Creator တွေ အတွက် Monetization Feature တစ်ခုကို ပြုလုပ်ရန် စီစဉ်
News

Discord က Creator တွေ အတွက် Monetization Feature တစ်ခုကို ပြုလုပ်ရန် စီစဉ်

June 21, 2023
Video Content Creator တွေ သိရမယ့် Youtube Audio Library နဲ့ Facebook Sound Collection Copyright အကြောင်း
Knowledge

Video Content Creator တွေ သိရမယ့် Youtube Audio Library နဲ့ Facebook Sound Collection Copyright အကြောင်း

June 21, 2023
Cover Song သီဆိုသူတွေ၊ တီးခတ်သူတွေ သိထားရမယ့် Youtube Monetization Tips
Monetization

Cover Song သီဆိုသူတွေ၊ တီးခတ်သူတွေ သိထားရမယ့် Youtube Monetization Tips

June 19, 2023
Next Post
M3 Chipset iMac

ဒီနှစ်ထဲမှာ Appleက M3 Chipset iMacကိုထုတ်လုပ်ဖြန့်ချီမည်ဟု သိရှိရ

Discussion about this post

Follow Us on TikTok

Graphic Design

Photoshop မှာ Generative AI Feature ကို ထည့်သွင်းလိုက်တဲ့ Adobe
Graphic Design

Photoshop မှာ Generative AI Feature ကို ထည့်သွင်းလိုက်တဲ့ Adobe

by AI Tomorrow
May 24, 2023
Social Media Graphic Design တွေကို အလိုအလျောက်ဖန်တီးပေးနိုင်တဲ့ Microsoft Designer AI
Graphic Design

Social Media Graphic Design တွေကို အလိုအလျောက်ဖန်တီးပေးနိုင်တဲ့ Microsoft Designer AI

by AI Tomorrow
April 29, 2023
ဒီဇိုင်း
Graphic Design

ဒီဇိုင်း တစ်ခုဆွဲမယ်ဆိုရင် အရောင်တွေကို ဘယ်လိုရွေးချယ်ရမလဲ?

by Kaung Wai Yan
March 15, 2023
DALL-E 2 AI
Graphic Design

DALL-E 2 ကို သုံးပြီး AI Generated Picture တွေဖန်တီးကြမယ်

by Kaung Wai Yan
March 11, 2023
  • About Us
  • Privacy Policy
  • Data Deletion Request
  • About Us
  • Privacy Policy
  • Data Deletion Request

© 2023 Myanmarenduser.com

No Result
View All Result
  • Home
  • News
  • Howto
  • Graphic Design
    • Photoshop
    • Illustrator
  • Lifestyle
  • Monetization
  • Travel
  • Services
    • In-Stream Ads Monetization Service

© 2023 Myanmarenduser.com

Welcome Back!

Sign In with Facebook
Sign In with Google
OR

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.