Mustang ကားကို ရုပ်ရှင်တော်တော်များများမှာ တွေ့ဖူးကြမှာပါ။ American Muscle လို့လည်း တင်စားပြီး ခေါ်ဝေါ်ကြပါတယ်။ Mustang ကို ၁၉၆၀ ခုနှစ်လောက်က စထုတ်ခဲ့ပြီး ဒီဇိုင်းက ဒီနေ့ခေတ်ထိ မရိုးသွားလောက်အောင် တော်တော်လေးလှတဲ့ ကားလည်း ဖြစ်ပါတယ်။ နည်းပညာခေတ်မှာတော့ ဒီလို classic design ကားကို နည်းပညာအသစ်တွေနဲ့ ပေါင်းစပ်ပြီး ပုံမပျက် electronic car အဖြစ် ပြောင်းလဲလိုက်ပါတယ်။
Car companies တော်တော်များများ အီလက်ထရစ်ကားတွေကို အဓိကထုတ်ရတဲ့ အကြောင်းရင်းကတော့ ကမ္ဘာကြီးရဲ့ သယံံဇာတတွေကို ထိန်းသိမ်းဖို့ပဲ ဖြစ်ပါတယ်။ အီလက်ထရစ်ကားတွေက အင်ဂျင်ကားအတိုင်း စွမ်းဆောင်ရည်ရှိပြီး ရေရှည်မှာ ပြင်ဆင်စရိတ်နဲ့ ဆီဖိုးကုန်ကျစရိတ် သက်သာပါတယ်။
Mustang ရဲ့ ကား battery capacity က 64kWh ရှိပါတယ်။ အားအပြည့်သွင်းထားမယ်ဆိုရင် မိုင်ပေါင်း ၂၀၀ ထိသွားနိုင်ပါတယ်။ Mustang ရဲ့ Top speed ကတော့ 149MPH ရှိပါတယ်။ Tesla Model 3 က မိုင်ပေါင်း ၂၂၀ ကျော်ထိသွားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိုင်ပေါင်း ၂၀၀ ထိသွားနိုင်တဲ့ လျှပ်စစ်ကားရဲ့ စျေးကလည်း မသေးပါဘူး။ အခြား နာမည်ကြီး ကားcompany ဖြစ်တဲ့ Jaguar လျှပ်စစ်ကားတွေလည်း မိုင်ပေါင်း ရာဂဏန်းအထိ သွားနိုင်ပါတယ်။ ဘယ်တော့မှ အိုဟောင်းမသွားတဲ့ mustang ရဲ့ 1960s design နဲ့ လာတဲ့ လျှပ်စစ်ကားရဲ့ စျေးနှုန်းက ဒေါ်လာ 377,000 ဖြစ်ပါတယ်။ ကားအစီးရေပေါင်းကိုလည်း ၄၉၉ စီးပဲ ထုတ်သွားမယ်လို့လည်း သိရပါတယ်။ ခန့်ညားထည်ဝါတဲ့ Mustang EV ကားကိုတော့ အောက်က video မှာ ကြည့်ရှုနိုင်ပါတယ်။
Comments