Google ဟာ YouTube အတွက် နောက်ထပ် အရွေ့တစ်ခု ဖြစ်တဲ့ Playables Builder လို့ ခေါ်တဲ့ Open Beta Project ကို မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ ၎င်း Playables ကြောင့် Creators များဟာ Coding မလိုပဲ Gemini 3 နဲ့ Bite-sized Games တွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
Game နဲ့ ပတ်သက်ပြီး YouTube ဟာ ၂၀၂၃ ခုနှစ်ကတည်းက Desktop နဲ့ Mobile Platform တွေမှာ ဂိမ်းအသေးလေးတွေကို စမ်းသပ်ခဲ့ပြီး မနှစ်တုန်းကလည်း Multiplayer စွမ်းရည်ကို Playables မှာ ထည့်သွင်းပေးခဲ့ပါတယ်။ ယနေ့ခေတ်မှာ Google ရဲ့ ထုတ်ကုန်တွေ အားလုံးကို AI စွမ်းရည် ထည့်သွင်းပေးနေတာကြောင့် Gemini 3 နဲ့ Playables Builder ကို YouTube မှာ ထည့်သွင်းခြင်းဟာ ထူးစမ်းတဲ့ ကိစ္စတော့ မဟုတ်တော့ပါဘူး။

Game တစ်ခုကို Prompt လေးရိုက်ပြီး ဖန်တီးနိုင်မယ် ဆိုပေမယ့် Game တစ်ခု ဖန်တီးတာဟာ အဲလောက်အထိ မရိုးရှင်းပါဘူး။ Game ကောင်းတစ်ခု ဖြစ်ဖို့ဆိုရင် ဆော့ရတဲ့ Idea ဟာ ရိုးရှင်းရမယ်၊ လိမ္မာပါးနပ်မှု၊ ထပ်ခါတစ်လဲလဲ လုပ်ဆောင်မှု၊ ကျွမ်းကျင်မှုတို့နဲ့ အမှန်တကယ် ပျော်စရာကောင်းတဲ့ အတွေ့အကြုံကို ဖန်တီးပေးနိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နည်းပညာ မလိုအပ်တော့ဘူး ဆိုပေမယ့် ဂိမ်းဖန်တီးမှု အတွေ့အကြုံတော့ လိုအပ်နေသေးတာကြောင့် Game Developer မဟုတ်ရင် Game ဖန်တီးဖို့ မလွယ်ကူပါဘူး။ ဒါ့အပြင် AI ရဲ့ Prompt အပေါ် နားလည်မှု လွဲမှားခြင်းတွေကလည်း ရှိအုံးမှာ ဖြစ်တဲ့အတွက် AI နဲ့ ဖန်တီးတဲ့ Game တွေဟာ ကောင်းမွန်တဲ့ Game တွေ ဖြစ်ဖို့ လွယ်ကူ အုံးမှာ မဟုတ်ပါဘူး။













Discussion about this post