YouTube က Android Version အတွက် YouTube Create App တစ်ခုကို စမ်းသပ်နေ

YouTube က မကြာသေးမှီကဘဲ Video Creator များအတွက် YouTube Create App ဆိုတဲ့ Mobile App တစ်ခုကို Beta Version အနေနဲ့ ထုတ်လုပ်ထားကြောင်းကြေညာခဲ့ပါတယ်။ YouTube Create App က YouTube ပေါ်မှာ ဗီဒီယိုများဖန်တီးတဲ့အခါ ရိုးရိုးရှင်းရှင်းနဲ့ ပိုမိုလွယ်ကူအောင် ပြုလုပ်နိုင်ရန် ဒီဇိုင်းထုတ်ထားတဲ့ မိုဘိုင်းအက်ပ်တစ်ခုဖြစ်တာကြောင့် ၎င်းကို အသုံးပြုပြီး လူတိုင်း ဗီဒီယိုကောင်းများဖန်တီးနိုင်မှာ ဖြစ်တယ်လို့ Company က ပြောကြားထားပါတယ်။ YouTube Create App ရဲ့ အသုံးပြုပုံက Capcut တို့လို အခြား Video Editing App များနဲ့ ဆင်တူတာဖြစ်တယ်လို့ သိရှိရပါတယ်။

YouTube Create App ကို Android Version အနေနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး IOS တွေအတွက်ဘယ်ချိန်ထုတ်လုပ်မလဲဆိုတာကိုတော့ ကြေညာထားခြင်း မရှိသေး ပါဘူး။ အဆိုပါ App ကို Beta Version အနေနဲ့ United States, United Kingdom, Germany, France, Indonesia, India, Korea, Singapore စတဲ့ နိုင်ငံများမှာသာ အသုံးပြုလို့ရပါအုံးမယ်။

YouTube Create App အကြောင်း အတိုချုံးပြီး ပြသထားတဲ့ Video ကို ကြည့်ရှုလို့ ရအောင် ဖော်ပြပေးထားပါတယ်။

Exit mobile version