Waymo Robotaxi ကုမ္ပဏီဟာ US တစ်ခွင့်မှာ သူတို့ရဲ့ Robotaxi ပြေးဆွဲခွင့် ရရှိဖို့အတွက် ဆက်တိုက်ကြိုးစားနေတာ တွေ့ရပြီး အခုမှာလည်း Bay နဲ့ California တောင်ပိုင်းဒေသတွေမှာ တရားဝင်ပြေးဆွဲခွင့် ရရှိပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
Waymo ဟာ San Francisco ၊ Silicon Valley နဲ့ Los Angeles (California အပြင်ဘက်၊ Atlanta ၊ Austin နှင့် Phoenix) တို့မှာ တရားဝင် ပြေးဆွဲခွင့် ရရှိထားပြီး အခုဆိုရင် California ရဲ့ မော်တော်ယာဉ်ဌာနက Bay နဲ့ California တောင်ဘက်အပိုင်းတွေမှာပါ တိုးချဲ့ပြေးဆွဲခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။ ပြေးဆွဲခွင့်ရတဲ့ Bay နယ်မြေမှာဆိုရင် အရှေ့ Bay ၊ အနောက် Bay (Napa/Wine Country) နဲ့ Sacramento တို့ ပါဝင်မှာ ဖြစ်ပြီး California တောင်ပိုင်းမှာဆိုရင် Santa Clarita (Los Angeles မြောက်ဘက်အပိုင်း) မှ San Diego အထိ တိုးချဲ့ ပြေးဆွဲခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

San Francisco Chronicle သတင်းဌာနရဲ့ ပြောပြမှုအရ ယခုတိုးချဲ့ပြေးဆွဲခွင့် ရရှိထားတဲ့ နယ်မြေတွေမှာ ငွေပေးချေပြီး စီးနင်းခွင့် ရရှိဖို့အတွက်တော့ နောက်ထပ် ခွင့်ပြုမိန့်တွေ လိုအပ်နေသေးကြောင်း သိရပါတယ်။ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ ပြေးဆွဲခွင့်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ပြောပြထားခြင်း မရှိသလို ဘယ်အချိန်မှာ စတင်ပြေးဆွဲမလဲ ဆိုတာကိုလည်း ပြောပြထားခြင်း မရှိပါဘူး။
ဒါ့အပြင် Waymo Robotaxi ဟာ ၂၀၂၆ အလည်လောက်မှာ San Diego ကို ချဲ့ထွင်သွားမှာ ဖြစ်သလို နောက်နှစ်ထဲမှာ Dallas ၊ Denver ၊ Detroit ၊ Houston ၊ Las Vegas ၊ Miami ၊ Nashville ၊ Orlando ၊ San Antonio ၊ Seattle နဲ့ Washington, D.C. တို့မှာပါ ချဲ့ထွင်ပြေးဆွဲနိုင်ဖို့ အစီအစဥ် ရှိနေပါသေးတယ်။ US အတွင်း Waymo ရဲ့ ပြေးဆွဲခွင့်ရတဲ့ နယ်မြေတွေဟာ တဖြည်းဖြည်းနဲ့ များပြားလာတာ တွေ့ရပြီး အခြားသော Robotaxi ကုမ္ပဏီတွေကလည်း အပြိုင်အဆိုင် နယ်မြေတိုးချဲ့နေကြတာ ဖြစ်ပါတယ်။ သို့ပေမယ့် အခုအချိန်အထိ မောင်းသူမဲ့ကားတွေကို လုံခြုံမှုအပိုင်းအတွက် စိတ်မချသေးတဲ့ ပြည်သူများလည်း ရှိနေသေးတာကို တွေ့ရပါတယ်။














Discussion about this post