SnapChat ကို ဖန်တီးထားတဲ့ Snap Inc. က ChatGPT ကို အခြေခံထားတဲ့ သူတို့ရဲ့ My AI Chatbot ကို Snap Chat မှာ ထည့်သွင်းလိုက်ပြီဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။
Snap Inc. ရဲ့ ပြောပြမှုအရ My AI ရဲ့ အသံကို ပိုမိုနားထောင်လို့ ကောင်းအောင်လုပ်ထားပြီး ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းတဲ့ အရာတွေပြောဆိုဖို့အတွက် လေ့ကျင့်ပေးထားတယ်လို့ သိရပါတယ်။ ဆိုလိုတာက ChatGPT လိုမျိုး နယ်ပယ်အစုံ အသုံးပြုဖို့မဟုတ်ပဲ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်ဖို့အတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

SnapChat ရဲ့ My AI ကို လူတိုင်းသုံးလို့ရမှာမဟုတ်ပဲ Snap Chat ကို Suscribe လုပ်ထားတဲ့ SnapChat+ အသုံးပြုသူတွေသာ သုံးလို့ရမှာဖြစ်ပါတယ်။
Source:
Reuters














Discussion about this post