Android အတွက်ထည့်သွင်းမယ့် Qualcomm ရဲ့ Satellite SOS Feature အစီစဉ်ကိုဖျက်သိမ်း

2023 January လက ကြေညာခဲ့သော Qualcomm ရဲ့ Snapdragon Satellite SOS feature ကို Andriod Phone များမှာ ထည့်သွင်းမယ့် အစီစဉ်ကို နိုင်ဝင်ဘာလ ၁၀ ရက်နေ့မှာ ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သတင်းများအရ သိရှိရပါတယ်။ Snapdragon Satellite SOS Feature က ဆက်သွယ်ရေးပျက်တောက်နိုင်တဲ့ နေရာတွေမှာ အရေးပေါ်ခေါ်ဆိုမှု အတွက် Satellite နဲ့ချိတ်ဆက်ပြီး ဖုန်းခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ ၎င်းက Apple ရဲ့ iPhone 14 မှာစတင်မိတ်ဆက်ခဲ့တဲ့ Emergency SOS feature ကိုပြိုင်ဆိုင်ရန် ရည်ရွယ်ထားတယ်လို့ သိရှိရပါတယ်။

Android အတွက်ထည့်သွင်းမယ့် Qualcomm ရဲ့ Satellite SOS Feature အစီစဉ်ကိုဖျက်သိမ်း

Qualcomm နဲ့ Iridium Satellite တို့ ပူးပေါင်းဖန်တီးထားတဲ့ Snapdragon Satellite SOS Feature ကို Smartphone Company များရဲ့ စိတ်ဝင်စားမှုနည်းပါးခြင်းကြောင့် ထုတ်လုပ်ရန်အစီစဉ်ကို ဖျက်သိမ်းရခြင်းဖြစ်တယ်လို့ သတင်းများအရသိရှိရပါတယ်။ Company ဘက်ကတော့ ခုချိန်ထိ ဖျက်သိမ်းရခြင်းရဲ့အကြောင်းပြချက်ကို ခိုင်ခိုင်မာမာ ဖော်ပြထားခြင်းမရှိသေးပါဘူး။ အဆိုပါ Feature ကို အကောင်ထည်ဖော်ရာမှာ ကုန်ကျစရိတ်နဲ့ ဝယ်လိုအား လုံလုံလောက်လောက် မရှိတာကြောင့် ဖျက်သိမ်းရခြင်းဖြစ်တယ်လို့သာ သိရှိရပါတယ်။

Snapdragon Satellite SOS ကို ပယ်ဖျက်လိုက်ပေမယ့် Qualcomm က ဆက်လက်ပြီး Android ဖုန်းများအတွက် ဂြိုလ်တုချိတ်ဆက်မှုဆိုင်ရာ အင်္ဂါရပ်များကို ဖန်တီးရန် ကတိကဝတ်ပြုထားဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Exit mobile version