Play Station ရဲ့ လက်ကိုင် Game စက်အသစ် Q Lite က ဘာဖြစ်မလဲ?

Gaming လောကမှာ လက်ကိုင် PC Game စက်တွေ ခေတ်စားလာတာနဲ့အညီ Game ကုမ္ပဏီကြီးတွေက လက်ကိုင် PC Game စက်တွေကို ထုတ်လုပ်ရောင်းချ လာတာတွေ့ရပါတယ်။

Sony ရဲ့ Play Station ဟာ Q Lite လို့ခေါ်တဲ့ လက်ကိုင် Game စက်ကို ထုတ်လုပ်ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။ ထူးခြားတာက အခြား လက်ကိုင် Game စက်တွေလိုမျိုး Q Lite ဟာ Cloud-Streaming Device တစ်ခု မဟုတ်ဘူးလို့ သိရပါတယ်။ PS5 နဲ့ ချိတ်ဆက်ပြီး အသုံးပြုရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဥပမာ PS5 ရှိသူတွေသာ Q Lite ကို အသုံးပြုနိုင်သလိုမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

Q Lite ရဲ့ အလည်တည့်တည့်မှာ ၈လက်မ LCD screen ကြီးတစ်ခုပါဝင်မှာဖြစ်ပြီး ထို screen ဟာ 1080p resolution ကို 60FPS နဲ့ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Q Lite ရဲ့ Design အတိအကျကိုတော့ မသိရသေးပေမယ့် PS5 ရဲ့ Remote လိုမျိုး ဖြစ်နိုင်တယ်လို့ ပြောထားပါတယ်။ ကောလဟာလ သတင်းများအရ PS5 pro ကို မိတ်မဆက်မှီ Q Lite ကို Play Station က မိတ်ဆက်ပေးမယ်လို့ သိရပါတယ်။ PS5 pro ကို မိတ်ဆက်မှာကတော့ ၂၀၂၄ အကုန်လောက်မှာ ဖြစ်တယ်လို့ Play Station က ပြောထားပါတယ်။

PSVita

Gaming လောကမှာ valve က ထုတ်လုပ်လိုက်တဲ့ Steam Deck က စပြီး လက်ကိုင် PC Game စက်တွေဟာ ခေတ်စားလာတာ ဖြစ်ပါတယ်။ Asus ကလည်း ဒီလအစမှာ သူတို့ရဲ့ ပထမဦးဆုံးထုတ်လုပ်မယ့် လက်ကိုင် PC Game စက် ROG Ally ကို မိတ်ဆက်ခဲ့ပါသေးတယ်။ Gaming လောကရဲ့ ဆရာကြီးဖြစ်တဲ့ Play Station ရဲ့ နောက်ဆုံးထုတ်ထားတဲ့ လက်ကိုင် PC Game စက် PSVita ကတော့ နာမည်သိပ်မရခဲ့တာကြောင့် အခု Q Lite ကရော ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Exit mobile version