OpenAI ဟာ ChatGPT မှာ အသုံးပြုနိုင်မယ့် အထွေထွေသုံး AI Agent အသစ်တစ်ခုကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ဒီ Agent ဟာ သုံးစွဲသူတွေရဲ့ ကိုယ်စား ကွန်ပျူတာနဲ့ လုပ်ဆောင်ရတဲ့ အလုပ်မျိုးစုံကို အလိုအလျောက် လုပ်ဆောင်ပေးနိုင်မှာ ဖြစ်တယ်လို့ ကုမ္ပဏီက ပြောကြားထားတာ ဖြစ်ပါတယ်။
ChatGPT ရဲ့ AI Agent က ဘာတွေကူလုပ်ပေးနိုင်လဲ ဆိုတော့ Presentation နဲ့ Slide တွေ အလိုအလျောက် ဖန်တီးပေးခြင်း၊ အလုပ်ရဲ့ ပြိုင်ဘက် Company တွေကို လေ့လာဆန်းစစ်ပြီး အစီရင်ခံစာ ရေးပေးနိုင်ခြင်း၊ ဟင်းချက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကို အွန်လိုင်းကနေ စီစဉ်ပြီး ဝယ်ပေးတာမျိုးတွေထိ လုပ်ဆောင်နိုင်ပါတယ်။ နောက်ပြီး Gmail, GitHub တို့လို app တွေနဲ့ ချိတ်ဆက်ပြီး အချက်အလက် ရှာဖွေနိုင်ပါသေးတယ်။
AI Agent အသစ်က အရင် OpenAI မော်ဒယ်တွေထက် အများကြီး ပိုစွမ်းဆောင်နိုင်ပြီး ခက်ခဲတဲ့ စံနှုန်းစမ်းသပ်မှုတွေမှာ ရမှတ် သိသိသာသာ ပိုကောင်းလာတာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ပြီး စွမ်းရည်မြင့်မားတဲ့အတွက် အန္တရာယ်ရှိတဲ့သူတွေလက်ထဲမှာ အသုံးချခံရနိုင်ခြေရှိတာကြောင့် OpenAI က အချိန်နဲ့အမျှ စောင့်ကြည့်စစ်ဆေးတဲ့စနစ်တွေ ထည့်သွင်းထားပြီး၊ အချက်အလက် ခိုးယူခံရနိုင်တဲ့ Prompt injection လိုမျိုး တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့အတွက် Memory feature ကိုလည်း ယာယီပိတ်ထားပေးတယ်လို့ သိရပါတယ်။
AI Agent ကို အခုချိန်မှာ OpenAI ရဲ့ Pro, Plus နဲ့ Team plan သုံးစွဲသူတွေ စတင် အသုံးပြုနိုင်ပြီး ဖြစ်ပါတယ်။ AI Agent ဟာဆိုရင် ကိုယ်စား အလုပ်တွေကို စေခိုင်းလို့ရတာ ကောင်းမွန်တဲ့ အချက်ဖြစ်တယ်ဆိုပေမယ့် တစ်ဖက်မှာလဲ အန္တရာယ်ရှိတဲ့ အားနည်းချက်တွေ ဖြစ်ပေါ်နိုင်တာမို့ OpenAI က ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကိုတော့ စောင့်ကြည့် အုံးမှာဖြစ်ပါတယ်။
Discussion about this post