သတင်းတွေအရ OpenAI က မကြာခင်မှာ AI Web Browser အသစ်တစ်ခုကို မိတ်ဆက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ Reuters သတင်းဌာနရဲ့ ဖော်ပြချက်အရဆိုရင် ဒီ Browser ထဲမှာ OpenAI ရဲ့ “Operator” လို့ခေါ်တဲ့ AI Agent ကို ထည့်သွင်းထားနိုင်တယ်လို့ ဆိုပါတယ်။ သူက User တွေအစား Hotel booking တွေ လုပ်ပေးတာ၊ form တွေ ဖြည့်ပေးတာအပြင် တခြား ကိစ္စတွေကိုပါ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်တယ်လို သိထားရပါတယ်။
အဆိုပါ Browser ထဲမှာ “native” ChatGPT interface ပါဝင်လာနိုင်တာမို့ User တွေအနေနဲ့ OpenAI website ကို သွားစရာမလိုဘဲ Browser ကနေတိုက်ရိုက် ChatGPT နဲ့ စကားပြောနိုင်မယ်လို့လည်း Reuters က ပြောထားပါတယ်။ OpenAI ဟာ Google ရဲ့ open-source ဖြစ်တဲ့ Chromium engine ကို အသုံးပြုပြီး Browser ကို ဖန်တီးမယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ Chromium ကို Chrome, Microsoft Edge နဲ့ Opera တို့လို နာမည်ကြီး Browser တွေမှာလည်း အသုံးပြုကြတာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းထဲမှာပဲ AI startup တစ်ခုဖြစ်တဲ့ Perplexity ကလည်း သူ့ရဲ့ Subscriber တွေအတွက် Comet လို့ခေါ်တဲ့ Chromium-based web browser ကို မိတ်ဆက်ခဲ့ပါတယ်။ Browser မှာ Perplexity ရဲ့ AI search engine ကို default အဖြစ် ထည့်သွင်းထားပြီး AI assistant လည်း ပါဝင်မှာ ဖြစ်ပါတယ်။ OpenAI ရဲ့ လာမယ့် Browser က Google အတွက် နောက်ထပ် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ အခုချိန်မှာ Google ဟာ Federal Antitrust Ruling (တရားစွဲဆိုမှုတစ်ခု) အရ Chrome ကို ရောင်းချရဖို့ ဖြစ်လာနိုင်တာကြောင့်ပါ။ Perplexity နဲ့ OpenAI နှစ်ခုစလုံးကလဲ Chrome ကို ဝယ်ယူဖို့ စဉ်းစားနေတယ်လို့ ပြောထားကြပါတယ်။
OpenAI က Browser ထုတ်လုပ်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းက ပထမဆုံးအကြိမ် မဟုတ်ဘဲ The Information ရဲ့ ဖော်ပြချက်အရ မနှစ်ကတည်းက OpenAI ဟာ Browser ထုတ်လုပ်ဖို့ စမ်းသပ်နေပြီး Google Chrome ကို စတင်ဖန်တီးရာမှာ အရေးပါခဲ့တဲ့ လူနှစ်ဦးကိုတောင် ငှားရမ်းထားတယ်လို့ သိရပါတယ်။ OpenAI ဟာ သူ့ရဲ့ Search Engine ကို ChatGPT ထဲမှာ မနှစ်ကတည်းက စတင်ထည့်သွင်းခဲ့ပြီး ဒီလုပ်ဆောင်ချက်ကို သူ့ရဲ့ Browser ထဲမှာ ထည့်သွင်းတာကတော့ တကယ့်ကို သဘာဝကျတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တယ်လို့ မြင်မိပါတယ်။
Discussion about this post