မကြာသေးခင်ကမှ ရောင်းချဖြန့်ချီခဲတဲ့ Switch 2 က လေးရက်အတွင်းမှာပဲ စံချိန်တင် ဒေါ်လာ ၃.၅ သန်း ရောင်းဖိုး ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ Nintendo ဟာ Switch 2 ကို Original Switch လိုပဲ အောင်မြင်မယ်လို့ မျှော်လင့်ထားတာ ဖြစ်ပြီး၊ ကောင်းမွန်နဲ့ မိတ်ဆက်မှုတွေနဲ့ အတူ Game Console သမိုင်းတစ်လျှောက်မှာ အမြန်ဆုံးရောင်းချရတဲ့ ဂိမ်းစက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

Video Game Market ရဲ့ Insighter တစ်ဦးဖြစ်တဲ့ Daniel Ahmad က X မှာ Switch 2 ဟာ “သမိုင်းတစ်လျှောက် အမြန်ဆုံးရောင်းချရတဲ့ Game Console ” တစ်ခုဖြစ်တယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ Sony ရဲ့ PS5 က ၄.၄ သန်း ရောင်းဖို့ ခုနစ်ပတ်ကြာခဲ့တာ ဖြစ်ပြီး Switch 2 ကတော့ လေးရက်အတွင်းမှာပဲ စံချိန်တင် ဒေါ်လာ ၃.၅ သန်း ရောင်းဖိုး ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ Nintendo ဟာ Switch 2 မှာပါဝင်မယ့် Game Title တွေကိုတောင် ကောင်းကောင်း မချပြရသေးခင် ရောင်းအား အကောင်းဆုံး Game Console တစ်ခုဖြစ်ခဲ့တာ ဖြစ်ပါတယ်။
Discussion about this post