Meta ရဲ့ VR Metaverse Platform တစ်ခုဖြစ်တဲ့ Horizon Worlds က Mobile App တစ်ခုအနေနဲ့ ရောက်ရှိလာမှာလား

Meta က ၎င်းတို့ရဲ့ VR Metaverse Platform တစ်ခုဖြစ်တဲ့ Horizon Worlds ကို Mobile Version တစ်ခုအနေနဲ့ မကြာမှီ စတင်တော့မှာဖြစ်တယ်လို့ သတင်းရေးသားသူ Janko Roettgers က Lowpass သတင်းစာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ Meta က ၎င်းတို့ရဲ့ Quest VR device များ မှာသာရရှိနိုင်တဲ့ Horizon Worlds ရဲ့ Mobile Version ကို စမ်းသပ်လုပ်ဆောင်နေကြောင်း ကို ဒီနှစ်ရဲ့ အစောပိုင်းမှာ ကတည်းက သိရှိရတာ ဖြစ်ပါတယ်။ Company က ပြီးခဲ့တဲ့ နှစ်ထဲက Mobile App ပေါ်မှာအမှန်တစ်ကယ်အလုပ်လုပ်နိုင်မယ့် Version ကို ထုတ်လုပ်ရန် ကြိုးစားခဲ့ပေမယ့် User လက်ထဲ သို့ရောက်ရှိအောင် မစွမ်းဆောင်နိုင်ခဲ့ကြောင်း Meta ရဲ့ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက အင်တာဗျူးတစ်ခု မှာ ဖြေကြားခဲ့ပါတယ်။

Horizon Worlds ရဲ့ Mobile Version မှာ ပါဝင်လာမှာဖြစ်တဲ့ Super Rumble Shooter Game

2023 ခုနှစ် ဖေဖော်ဝါရီလပိုင်းအစ မှာ Meta က Horizon Worlds အတွက် Mobile နဲ့ Web Version ကို မကြာခင် ရောက်ရှိလာတော့မယ် လို့ တရားဝင်ကြေညာခဲ့ပေမယ့်လဲ လက်ရှိချိန်ထိတော့ မရောက်ရှိလာသေးပါဘူး။ Meta ရဲ့ Metaverse VP ဖြစ်သူ Vishal Shah ကတော့ Horizon Worlds(VR Version) မှာ တရားဝင်ထွက်ရှိထားတဲ့ Super Rumble ကို Mobile Platform အတွက် ပထမဆုံးစမ်းသပ်ထားတဲ့ beta ဂိမ်းများထဲမှ တစ်ခုဖြစ်လာမယ်လို့ ပြောကြားပါတယ်။

Exit mobile version