ဓာတ်ပုံံနဲ့ စာတွေအတွက်ပါ Performance Bonus Monetization ထောက်ပံ့တော့မယ့် Meta

Meta က ဖေဖော်ဝါရီ ၂၉ ရက်မှာ Content Creator တွေနဲ့ Influencer တွေအတွက် Monetization Feature အသစ်အကြောင်း မိတ်ဆက်သတင်း တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

ယခင်က Meta Monetization အနေနဲ့ Long Video နဲ့ Reels တွေကိုဘဲ ထောက်ပံ့ခဲ့ပေမယ့် ယခု Update အသစ်မှာတော့ ဓာတ်ပုံ၊ စာသားပိုစ့်တွေကိုပါ Monetization စတင်ပေးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ပုံနဲ့ စာသားပိုစ့်တွေအတွက် Performance Bonus အဖြစ် Monetization လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဆိုလိုတာက ဓာတ်ပုံ၊ စာသားပိုစ့်တွေက ဘယ်လောက် Engagement, Like, Share တွေရလဲဆိုတဲ့ အပေါ် မူတည်သွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် Performance Bonus အတွက် ဘယ်လောက် Engagement ကို ဘယ်လောက်ပေးမလဲဆိုတဲ့ သတ်မှတ်ချက်မျိုးတော့ ပွင့်လင်းမြင်သာစွာ ချပြထားတာမျိုးတော့ ရှိအုံးမှာ မဟုတ်ပါဘူး။

လက်ရှိမှာ Performance Monetization Feature ကို နိုင်ငံတိုင်းရရှိအုံးမှာ မဟုတ်ပါဘူး။ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ပီရူး၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ စပိန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ အီတလီနိုင်ငံတို့မှာ Invite Only Creator များသာ ရရှိနိုင်မှာဖြစ်ပြီး အမေရိကန်၊ ကနေဒါ၊ ဩစတေးလျ၊ ဗြိတိန်၊ အိန္ဒိယနဲ့ မက္ကဆီကို တို့မှာတော့ Performance Bonus Program ကို ချိတ်ဆက်နိုင်ပြီ ဖြစ်ပါတယ်။ အခြားသော နိုင်ငံတွေကိုတော့ ထပ်မံတိုးချဲ့ပေးမယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။

Performance Bonus Monetization Feature ကို Page တွေနဲ့ Professional Mode Profile အသုံးပြုနေသူများအတွက် မတ်လ အလယ်လောက်မှာ ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။

MonetizeMyanmar ရဲ့ ပါတနာတွေအကုန်လုံးကို Performance Bonus Monetization Feature စတင်ရရှိတာနဲ့ MonetizeMyanmar ဘက်ကနေ အလိုအလျောက် Apply လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ဆက်စပ်ပိုစ့်များ

Exit mobile version