Myanmar End User
  • Home
  • News
  • Howto
  • Graphic Design
    • All
    • Illustrator
    • Photoshop
    Photoshop မှာ Generative AI Feature ကို ထည့်သွင်းလိုက်တဲ့ Adobe

    Photoshop မှာ Generative AI Feature ကို ထည့်သွင်းလိုက်တဲ့ Adobe

    Social Media Graphic Design တွေကို အလိုအလျောက်ဖန်တီးပေးနိုင်တဲ့ Microsoft Designer AI

    Social Media Graphic Design တွေကို အလိုအလျောက်ဖန်တီးပေးနိုင်တဲ့ Microsoft Designer AI

    ဒီဇိုင်း

    ဒီဇိုင်း တစ်ခုဆွဲမယ်ဆိုရင် အရောင်တွေကို ဘယ်လိုရွေးချယ်ရမလဲ?

    DALL-E 2 AI

    DALL-E 2 ကို သုံးပြီး AI Generated Picture တွေဖန်တီးကြမယ်

    သင်မသိလောက်သေးတဲ့ Photoshop အသုံပြုပုံ (၅) မျိုး

    သင်မသိလောက်သေးတဲ့ Photoshop အသုံပြုပုံ (၅) မျိုး

    Line Theory – Line တွေကို ဆရာကျကျ ဒီဇိုင်းမှာသုံးကြမယ်

    Line Theory – Line တွေကို ဆရာကျကျ ဒီဇိုင်းမှာသုံးကြမယ်

    Photoshop ထဲက Distort Displace ကိုသုံးပြီး ရေပြင်မှာ အရိပ်အတုလုပ်ကြမယ်

    Photoshop ထဲက Distort Displace ကိုသုံးပြီး ရေပြင်မှာ အရိပ်အတုလုပ်ကြမယ်

    Photoshop သုံးပြီး Glass Effect Style တစ်ခု လုပ်ကြမယ်

    Photoshop သုံးပြီး Glass Effect Style တစ်ခု လုပ်ကြမယ်

    Perspective Warp ဆိုတာဘာလဲ၊ ဘယ်လိုသုံးရလဲ?

    Perspective Warp ဆိုတာဘာလဲ၊ ဘယ်လိုသုံးရလဲ?

    • Photoshop
    • Illustrator
  • Lifestyle
  • Monetization
  • Travel
  • Services
    • In-Stream Ads Monetization Service
No Result
View All Result

Logo ဆိုတဲ့ အမှတ်အသားတွေက ဘယ်ကနေ စတင်လာခဲ့ကြတာလဲ

Kaung Wai Yan by Kaung Wai Yan
December 26, 2022
in Graphic Design, Knowledge
Reading Time: 2 mins read
0
0
SHARES
44
VIEWS
Share on FacebookShare on TwitterShare on Telegram
ADVERTISEMENT

Logo လို့ပြောလိုက်တာနဲ့ လုပ်ငန်းတစ်ခုကို ကိုယ်စားပြုတဲ့ အမှတ်အသားတစ်ခုဆိုတာကို သိပြီးကြပြီဖြစ်မှာပါ။

အမှန်ခြစ်လေးမြင်လိုက်တာနဲ့ Nike Brand ၊ ရွှေရောင်အခုံးအခြစ်လေးဆို McDonald, ပန်းသီးပုံဆို Apple တံဆိပ်မှန်း တန်းသိနိုင်တဲ့အသိ Logo တစ်ခုက လုပ်ငန်းတစ်ခုကို ပုံဖော်ပေးနိုင်ပါတယ်။ ဒါဆို Logo တွေက ဘယ်ကနေ စတင်လာခဲ့တာလဲ။

လိုဂိုတွေရဲ့ ဇစ်မြစ်ကို ပြန်ရှာဖွေမယ်ဆိုရင်တော့ ရှေးခေတ်အီဂျစ်လူမျိုးတွေကနေ စတင်ခဲ့တယ်လို့ တွေ့ရမှာပါ။ BC 3200 လောက်က ရှေးခေတ် အီဂျစ် လူမျိုးတွေက အက္ခရာစာလုံးတွေမပေါ်ခင်မှာ သူတို့ပြောလိုတဲ့အကြောင်းအရာကို ရုပ်ပုံသင်္ကေတ (အရုပ်စာ) တွေသုံးပြီး ဖော်ပြခဲ့ကြပါတယ်။

နောက်ထပ် နှစ်ပေါင်း ၁၀၀၀ လောက်ကြာတဲ့အခါ သူတို့ရဲ့ ရုပ်ပုံ Design တွေမှာ Grid မျဉ်းတွေထပ်ပေါင်းထည့်ပြီး ပုံဆွဲရာမှာ စံနှုန်း တစ်ခုအနေနဲ့ ထပ်ပေါင်း သတ်မှတ်ခဲ့ကြပါတယ်။ ဒီလို Grid Proportions တွေ၊ Ratio တွေက ယနေ့ခေတ် Logo ဆွဲတဲ့အခါ အရေးကြီးတဲ့ အခြေခံအချက်အနေနှင့် ရှိနေဆဲပါပဲ။

အမှန်တကယ်တော့ ရုပ်ပုံသင်္ကေတတွေကို အသုံးပြုခဲ့ကြတာက အီဂျစ်လူမျိုးတွေတင် မဟုတ်ပါဘူး။ BC 1600 လောက်မှာ တရုတ်လူမျိုးတွေကလည်း သူတို့ရဲ့ အတွေးတွေကို ပုံဖော်ဖို့ ကိုယ်ပိုင် သင်္ကေတတွေကို အသုံးပြုခဲ့ကြပါသေးတယ်။

ထိုနည်းတူစွာ ရှေးခေတ် ဂရိလူမျိုးတွေကလည်း Linear B လို့ခေါ်တဲ့ Writing System တစ်ခု တီထွင်ရာမှာ ရုပ်ပုံသင်္ကေတတွေကို အသုံးပြုခဲ့ကြပါတယ်။ Logo ဆိုတဲ့ စကားလုံးကတော့ ရှေးခေတ် ဂရိလူမျိုးတွေကနေ ဆင်းသက်လာခဲ့ပြီး logotype ရဲ့ အတိုကောက်ပဲဖြစ်ပါတယ်။ λόγος (lógos) ဆိုတာက “word, speech” လို့ အဓိပ္ပါယ်ရပြီး τύπος (túpos) ‘mark, imprint’ လို့အဓိပ္ပါယ်ရပါတယ်။ ပေါင်းစပ်လိုက်ရင်တော့ “စကားလုံးတွေရဲ့ အမှတ်အသား”လို့ ပြောရမှာပါပဲ။

ADVERTISEMENT

အလယ်ခေတ်ကို ရောက်လာတဲ့အခါမှာတော့ မင်းမျိုးမင်းနွယ်တွေက ကိုယ်ပိုင် အဆောင်အယောင်တံဆိပ် အမှတ်အသားတွေကို အသုံးပြုလာကြပါတယ်။ ဒီအဆောင်အယောင်တံဆိပ်တွေကို စစ်ပွဲတွေမှာ သံချပ်ကာတွေအောက်ရောက်ရှိနေတဲ့ မင်းမျိုးမင်းနွယ် အရာရှိကြီးတွေကို မှတ်မိစေဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ ဂုဏ်ဆောင်သူရဲကောင်းတွေ၊ မျိုးရိုးမြင့်လူတန်းစားတွေအတွက် Family Brand (မိသားစုအမှတ်အသား) တစ်ခုအနေနဲ့ လက်ခံကျင့်သုံးလာခဲ့ပါတယ်။ Logo တွေစတင်ပေါ်ပေါက်လာတာနဲ့ပက်သက်တဲ့ အံ့ဩစရာအချက်တစ်ခုကတော့ အစောပိုင်းကာလက ဈေးဆိုင် ဆိုင်းပုဒ်တွေပါပဲ။ အထက်တန်းလွှာတွေကလွဲလို့ အလယ်ခေတ် ဥရောပလူမျိုးအများစုက စာပေမတတ်ကျွမ်းတဲ့အတွက်ကြောင့် ဈေးဆိုင်တွေကို ဘာတွေရောင်းလဲဆိုတာကို ခွဲခြားသိနိုင်ဖို့ သင်္ကေတ ဆိုင်းပုဒ်တွေကို ချိတ်ဆွဲထားတတ်ကြပါတယ်။

၁၃၈၉ခုနှစ်မှာ အင်္ဂလန်ဘုရင် King Richard II ကနေ “သေရည်ယမကာဆိုင်တွေကို ဆိုင်အပြင်ဘက်မှာ ဆိုင်းပုဒ်တွေချိတ်ဆွဲထားရမယ်၊ မချိတ်ဆွဲရင် ဘုရင့်ဘဏ္ဍာအဖြစ်သိမ်းခံရမယ်” ဆိုပြီး ဥပဒေတစ်ခုကြေငြာခဲ့ပါတယ်။ ဒီအချိန်အခါက ရေညစ်ညမ်းမှုကြောင့် ရေအစား သေရည်တွေကိုသာ သောက်သုံးခဲ့ကြပါတယ်။ ဒီလိုကနေ သေရည်ဆိုင်တွေက သူတို့ရဲ့ ကိုယ်ပိုင်အမှတ်အသားတွေကိုပါ ဆိုင်းပုဒ်မှာ ထည့်သွင်းရေးဆွဲလာခဲ့ကြပါတယ်။ တချို့ဆိုင်တွေက အစိမ်းရောင်နဂါး၊ တချို့တွေက အနီရောင် ခြင်္သေ့ စသဖြင့် အမျိုးမျိုး ရေးဆွဲခဲ့ကြပါတယ်။

အင်္ဂလန်ဘုရင် King Richard II ၏ ပုံရိပ်
အင်္ဂလန်ဘုရင် King Richard II ၏ ပုံရိပ်

ဒီပုံတွေကနေတဆင့် ဆိုင်နာမည် ဖြစ်ပေါ်လာပြီးတော့ စားသုံးသူတွေက သူတို့ကြိုက်နှစ်သက်တဲ့ သေရည်ဆိုင်တွေအပေါ် Brand Royalty တိုးမြှင့်စေခဲ့ပါတယ်။ အမှန်တကယ်တော့ Logo နဲ့ပက်သက်တဲ့ သမိုင်းကြောင်းအစဆိုရင်တော့ အရက်ယမကာဆိုင်တွေက စခဲ့တယ်လို့ ဆိုရမှာပါ။ Belgian အရက်ကုမ္ပဏီဖြစ်တဲ့ Stella Artois က ၁၃၆၆ ခုနှစ်မှာ Logo တွေကို ပထမဆုံး အသုံးပြုခဲ့တဲ့ ကုမ္ပဏီတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ််။

ယင်းခေတ် ဆိုင်တွေရဲ့ ဆိုင်းပုဒ်တွေက ယနေ့ခေတ် Logo တွေလို အရမ်း အသေးစိတ် မကျပေမယ့် Logo ‌လောက က တစ်ဖြည်းဖြည်းတိုးတက်လာတာကို မြင်တွေ့ရမှာပါ။ ၁၄၄၀ ဝန်းကျင်မှာ Johannes Gutenburg ကနေ ပုံနှိပ်စက် ကိုတီထွင်ပြီးနောက်ပိုင်းမှာတော့ ပြောင်းလဲမှုများစွာဖြစ်ပေါ်လာခဲ့ပါတယ်။ ပုံနှိပ်လုပ်ငန်းတွေများလာတာနှင့်အမျှ သူတို့ရဲ့ပိုင်ဆိုင်မှုကို သတ်မှတ်ဖို့ ခေတ်ပြိုင် Logo တွေကို ထည့်သွင်းခဲ့ကြပါတယ်။

၁၆၀၀ အစပိုင်းမှာ ပထမဦးဆုံး သတင်းစာတွေကို ပုံနှိပ် ထုတ်ဝေပြီးနောက်မှာတော့ သတင်းစာတွေ ရေပန်းစားလာတာနှင့်အမျှ သတင်းစာထုတ်ဝေမှုကို အခိုင်အမာထောက်ပံ့ဖို့ ကြော်ငြာတွေထည့်သွင်းလာခဲ့ပါတယ်။ ကြော်ငြာထည့်သွင်းတဲ့ လုပ်ငန်းတွေကလည်း သူတို့လုပ်ငန်းကို ပြိုင်ဘက်တွေကြား ကွဲထွက်နေစေဖို့ Logo တွေအသုံးပြုပြီး ကြော်ငြာလာခဲ့ကြပါတော့တယ်။

၁၈၀၀ ဝန်းကျင်မှာ Color Printing တွေအသုံးပြုလာနိုင်တဲ့အခါ လုပ်ငန်းပိုင်ရှင်တွေက Brand အတွက် Eye Catching ဖြစ်စေမယ့် Label တွေ၊ ကြော်ငြာတွေ၊ Poster တွေကို စတင် အသုံးပြုလာခဲ့ပါတယ်။

ဒီခုနှစ်ဝန်းကျင်မှာပဲ ယနေ့ထက်တိုင် Iconic ဖြစ်နေဆဲ Brand Logo တစ်ချို့လည်း ပေါ်လာခဲ့ပါတယ်။ ၁၈၈၅ ခုနှစ်မှာ Frank Mason Robinson ဒီဇိုင်းဆွဲခဲ့တဲ့ Coca-Cola logo ဟာဆိုရင်တော့ Modern Logo Design တွေရဲ့ ကနဦးအစဖြစ်ခဲ့ပါတယ်။ ၁၈၉၂ ခုနှစ်မှာတော့ Levi Strauss & Co ကနေ မြင်းနှစ်ကောင်ပုံပါတဲ့ Logo ကို အသုံးပြုပြီးနောက်မှာတော့ Customer တွေကြားမှာ မြင်းနှစ်ကောင်ပုံနဲ့ ဘောင်းဘီ ဆိုပြီး နာမည်ကြီးသွားခဲ့ပါသေးတယ်။

Levi Strauss & Co ၏ မြင်းနှစ်ကောင်ပုံပါသော ဂျင်းဘောင်ဘီအမှတ်တံဆိပ်
Levi Strauss & Co ၏ မြင်းနှစ်ကောင်ပုံပါသော ဂျင်းဘောင်ဘီအမှတ်တံဆိပ်

ဆက်ရန် ……

ကိုးကားချက် – Sufio

Via: Myanmar Design Channel
Tags: HistoryKnowledgeLogo
Kaung Wai Yan

Kaung Wai Yan

Xen Digital Solution Co., Ltd တွင် Graphic Designer အဖြစ် လုပ်ကိုင်လျက်ရှိပြီး Myanmar Design Channel တွင်လည်း Photoshop နှင့် Graphic ဆိုင်ရာ သင်ခန်းစာဗီဒီယိုများကို မျှဝေပေးလျက်ရှိသည်။

Related Posts

MIT Expert ပြောပြတဲ့ လူတိုင်းသိရမည့် AI skill
Howto

MIT Expert ပြောပြတဲ့ လူတိုင်းသိရမည့် AI skill

September 23, 2023
ဒီအချက်တွေကို လူတစ်ယောက်မှာ သင်မြင်နေရပြီဆိုရင် သတိထားဖို့ လိုပါပြီ
Knowledge

ဒီအချက်တွေကို လူတစ်ယောက်မှာ သင်မြင်နေရပြီဆိုရင် သတိထားဖို့ လိုပါပြီ

September 21, 2023
Robot Farming ကိုလေ့လာခြင်း
Uncategorized

Robot Farming ကိုလေ့လာခြင်း

September 19, 2023
ကမ္ဘာပေါ်က အင်အားအကြီးဆုံးနိုင်ငံများ
Knowledge

ကမ္ဘာပေါ်က အင်အားအကြီးဆုံးနိုင်ငံများ

September 17, 2023
စျေးကွက်ထဲမှာ Millennials နှင့် Gen Z တွေကို ဘယ်လိုဖမ်းစားရမလဲ
Knowledge

စျေးကွက်ထဲမှာ Millennials နှင့် Gen Z တွေကို ဘယ်လိုဖမ်းစားရမလဲ

September 16, 2023
သင့်ကိုချမ်းသာအောင်လုပ်ပေးနိုင်မယ့် AI က ပြောပြတဲ့ Business Ideas များ
Knowledge

သင့်ကိုချမ်းသာအောင်လုပ်ပေးနိုင်မယ့် AI က ပြောပြတဲ့ Business Ideas များ

September 15, 2023
Next Post
Hacker များက SVG Image ကို အသုံးပြု၍ Qbot Malware အား Windows OS အတွင်းသို့ ထည့်သွင်းနိုင်

Hacker များက SVG Image ကို အသုံးပြု၍ Qbot Malware အား Windows OS အတွင်းသို့ ထည့်သွင်းနိုင်

Discussion about this post

Follow Us on TikTok

Graphic Design

Photoshop မှာ Generative AI Feature ကို ထည့်သွင်းလိုက်တဲ့ Adobe
Graphic Design

Photoshop မှာ Generative AI Feature ကို ထည့်သွင်းလိုက်တဲ့ Adobe

by AI Tomorrow
May 24, 2023
Social Media Graphic Design တွေကို အလိုအလျောက်ဖန်တီးပေးနိုင်တဲ့ Microsoft Designer AI
Graphic Design

Social Media Graphic Design တွေကို အလိုအလျောက်ဖန်တီးပေးနိုင်တဲ့ Microsoft Designer AI

by AI Tomorrow
April 29, 2023
ဒီဇိုင်း
Graphic Design

ဒီဇိုင်း တစ်ခုဆွဲမယ်ဆိုရင် အရောင်တွေကို ဘယ်လိုရွေးချယ်ရမလဲ?

by Kaung Wai Yan
March 15, 2023
DALL-E 2 AI
Graphic Design

DALL-E 2 ကို သုံးပြီး AI Generated Picture တွေဖန်တီးကြမယ်

by Kaung Wai Yan
March 11, 2023
  • About Us
  • Privacy Policy
  • Data Deletion Request
  • About Us
  • Privacy Policy
  • Data Deletion Request

© 2023 Myanmarenduser.com

No Result
View All Result
  • Home
  • News
  • Howto
  • Graphic Design
    • Photoshop
    • Illustrator
  • Lifestyle
  • Monetization
  • Travel
  • Services
    • In-Stream Ads Monetization Service

© 2023 Myanmarenduser.com

Welcome Back!

Sign In with Facebook
Sign In with Google
OR

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.