Apple က မကြာခင်မှာ မိတ်ဆက်ဖို့ရှိတဲ့ iPhone 17 စီးရီးအတွက် ပြင်ဆင်နေပြီဖြစ်ပြီး အခုဆိုရင် ဘယ်အချိန်လောက်မှာ မိတ်ဆက်မလဲဆိုတာကို ခန့်မှန်းချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အစဉ်အလာအရ Apple ဟာ iPhone အသစ်တွေကို စက်တင်ဘာလ ပထမနှစ်ပတ်အတွင်းမှာ မိတ်ဆက်လေ့ရှိပြီး၊ ဒီတစ်ခေါက်မှာတော့ iPhone 17, iPhone 17 Air နဲ့ iPhone 17 Pro မော်ဒယ်လ်တွေကို ဘယ်ရက်တွေမှာ မျှော်လင့်နိုင်မလဲဆိုတာကို သိနိုင်တော့မှာ ဖြစ်ပါတယ်။
သတင်းတွေအရတော့ iPhone 17 စီးရီးကို စက်တင်ဘာလ ဒုတိယပတ်အတွင်းမှာ ကြေညာဖွယ်ရှိပြီး အလွန်ပါးလွှာတဲ့ဒီဇိုင်းနဲ့ထွက်လာမယ့် “iPhone 17 Air” မော်ဒယ်လ်က အဓိက အာရုံစိုက်ခံရဖွယ် ရှိနေပါတယ်။ ဒီနှစ်ရဲ့ Air Model ဟာ သာမန် Model နဲ့ Pro Model တွေထက် ပိုပြီး နေရာယူထားမှာဖြစ်ပြီး ဒီဇိုင်းပုံစံသစ်နဲ့ မြင်တွေ့ရမယ်လို့ ဆိုပါတယ်။
Mark Gurman ရဲ့ ပြောကြားချက်အရ Apple ဟာ iPhone မိတ်ဆက်ပွဲတွေကို အမေရိကန်ရဲ့ Labor Day အပြီးတစ်ပတ်မြောက်မှာ ကျင်းပလေ့ရှိပြီး အင်္ဂါနေ့ကို အများဆုံး ရွေးချယ်တတ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ တခြားရက်တွေမှာ မိတ်ဆက်ခဲ့တဲ့ အကြိမ်တွေလည်း ရှိခဲ့ပါတယ်။

အဆိုပါ အချက်အလက်တွေအရ iPhone 17 စီးရီးကို စက်တင်ဘာလ ၈ ရက် (တနင်္လာ)၊ ၉ ရက် (အင်္ဂါ) ဒါမှမဟုတ် ၁၀ ရက် (ဗုဒ္ဓဟူး) နေ့တွေမှာ မိတ်ဆက်နိုင်ခြေရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။ Apple က သောကြာနေ့မှာ ထုတ်ကုန်သစ်တွေ မိတ်ဆက်လေ့မရှိသလို၊ အမှတ်တရနေ့ဖြစ်တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ကိုလည်း ရှောင်လေ့ရှိတာကြောင့် အခုဖော်ပြထားတဲ့ ရက်တွေက ဖြစ်နိုင်ခြေအရှိဆုံးရက်တွေ ဖြစ်နေပါတယ်။
ဒီနှစ် iPhone 17 စီးရီးမှာ Model လေးမျိုး ပါဝင်လာမှာဖြစ်ပြီး ‘Plus’ မော်ဒယ်လ်နေရာမှာ ‘Air’ ဆိုတဲ့ မော်ဒယ်လ်သစ်နဲ့ အစားထိုးမှာ ဖြစ်ပါတယ်။ နောက်ပြီး ‘Pro’ မော်ဒယ်လ်တွေကလည်း အရင်မျိုးဆက်တွေနဲ့မတူဘဲ ဒီဇိုင်းပိုင်း အပြောင်းအလဲကြီးကြီးမားမား ပါဝင်လာမယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကျောဘက် ဒီဇိုင်းမှာ ပိုပြီး ထူနိုင်ခြေရှိတဲ့ ကင်မရာဖုံးနဲ့ နေရာပြောင်းထားတဲ့ Apple logo တို့ကို မြင်တွေ့ရဖွယ် ရှိနေပါတယ်။
ဒီအချက်တွေက လက်ရှိအချိန်မှာတော့ ခန့်မှန်းချက်တွေပဲ ဖြစ်နေသေးပေမယ့် iPhone 17 ဟာ ဒီဇိုင်းပိုင်းနဲ့ မော်ဒယ်လ်သစ်တွေကြောင့် Apple Fan တွေအတွက် စိတ်ဝင်စရာကောင်းတဲ့ စောင့်ဆိုင်းမှု တစ်ခု ဖြစ်လာမှာတော့ အသေအချာပါပဲ။
Discussion about this post