Google က ပထမတစ်ခေါက် မိတ်ဆက်ခဲ့တဲ့ သူတို့ရဲ့ ‘Ask Photo’ Feature ကို ခဏရပ်ဆိုင်းထားပြီး ပြင်ဆင်မှုတွေပြုလုပ်ကာ ပြန်လည်မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။
အခုမိတ်ဆက်လိုက်တဲ့ ‘Ask Photo’ အသစ်မှာ အရင်ကထက် ရှာဖွေမှု ပြုလုပ်တဲ့ အခါ ရိုးရှင်းပြီး ရလဒ်တွေကို ချက်ချင်းပြနိုင်မှာ ဖြစ်ပါတယ်။ ပိုမိုရှုပ်ထွေးတဲ့ မေးခွန်းတွေအတွက်လည်း Gemini AI ကိုအသုံးပြုထားတဲ့ အတွက် ကိုယ်ရှာဖွေချင်တဲ့ Image တွေကို အဆင်ပြေသလို ပြောလို့ရနိုင်ပါတယ်။ (ဥပမာ- ကမ်းခြေမှာ ငါ့ခွေးလေးနဲ့ရိုက်ထားတဲ့ပုံကို) ရှာပေးပါလို့ ပြောလိုက်တာနဲ့ ချက်ချင်း ရှာဖွေပေးနိုင်မှာ ဖြစ်ပါတယ်။
Google ရဲ့ Ask Photos ဆိုတာက Gemini AI ကို အခြေခံထားတဲ့ Feature တစ်ခုဖြစ်ပြီး မိမိရဲ့ Google Photos ထဲက ဓာတ်ပုံတွေကို စကားပြောနဲ့ ရှာလို့ရစေတာ ဖြစ်ပါတယ်။ Google က ဒီနည်းလမ်းဟာ အချိန်ကုန်သက်သာစေပြီး ရှာဖွေမှုကို ပိုမိုမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ လောလောဆယ်တော့ ‘Ask Photo’ Search tool ကို US Regions မှာသာ အသုံးပြုလို့ရသေးတာ ဖြစ်ပါတယ်။
Discussion about this post