Google Mapsမှာ အသုံးဝင်မယ့် Tricks 5မျိုး

ယနေ့ခေတ်မှာတော့ Google Mapsဟာ မရှိမဖြစ် အရမ်းအသုံးဝင်တဲ့ ဆော့ဝဲလ်တစ်ခုဖြစ်နေပါတယ်။ ဒီတစ်ခေါက်မှာတော့ Google Maps မှာပါဝင်တဲ့ functionsများ ထဲက အသုံးဝင်မယ့် Tricks 5မျိုး အသုံးပြုပုံကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

1.မိမိရဲ့ location iconကို Customize ပြောင်းမယ်

Google maps ဖွင့်ပြီး ကားမောင်းနေချိန် မိမိရဲ့ ကားအမျိုး အစားကို ပြောင်းလဲချင်ရင် ကိုယ့်ရဲ့ location iconကိုနှိပ်ပါ။ နောက်ပြီး choose vehicle icon နေရာမှာ မိမိရဲ့ကားအမျိုးအစား(a sedan,truck, or an SUV.)ကို ရွေးလို့ရပါတယ်။

Google Maps Tricks
Customize Your Vehicle Icon

2.Google Maps Offline Moodဖွင့်မယ်

Maps Offline Moodကတော့ လိုင်းမမိနိုင်တဲ့နေရာတွေ/ခရီးရှည်တွေ သွားတဲ့နေရာမှာ ဖွင့်ထားသင့်ပါတယ်။ မိမိသွားချင်တဲ့ locationကို အရင်ထောက်ပါ။ အပေါ်ဘက်ဘေးနားက အစက်သုံးစက်နေရာကို နှိပ်ပြီး  Download offline map ကိုနှိပ်ပြီး Downloadဆွဲထားပေးရပါမယ်။ နောက်တစ်ခေါက်ပြန် အသုံးပြုချင်တယ်ဆိုရင်တော့ profile ကိုနှိပ်ပြီး offline maps ကိုထောက်ကာ download ဆွဲထားတဲ့ locationsတွေကို ပြန်လည် အသုံးပြုလို့ရပါတယ်။

2. Access Google maps Offline

3.မိမိရဲ့ ကားရပ်ထားတဲ့ နေရာကို saveထားမယ်

တစ်ခါတစ်လေကျရင် Centerတို့ Supermarketတို့က ပြန်တဲ့အခါ ကိုယ့်ရဲ့ကားဘယ်မှာ ရပ်ထားမှန်း မသိတော့ဘဲ ရှာနေရင်းနဲ့ တိုင်ပတ်တက်ပါတယ်။ ဒီလိုမဖြစ်ရအောင် google mapsသုံးပြီး ကားlocationကို saveထားလို့ရပါတယ်။ အရင်ဆုံး မိမိရဲ့ locations iconကိုထောက်ရပါမယ် ပြီးရင် save parkingကို နှိပ်ထားရုံပါပဲ။ Saveထားတာကိုပြန်ဖျက်ချင်တယ်ဆိုရင် Clearကို နှိပ်ပြီး မိမိ saveထားတဲ့ locationsကို ပြန်ဖျက်လို့ရပါတယ်။

Remember Where You Parked

4.Google Maps Historyကို ပြန်ကြည့်မယ်

ကိုယ်သွားထားတဲ့ locationsတွေကို ပြန်ကြည့်မယ် ဒါမှမဟုတ် ဖျက်ချင်တယ်ဆိုရင် Settingsထဲက Mpas history ကိုဝင်ရပါမယ်။ ဒါဆိုရင်တော့ မိမိGoogle mapsသုံးပြီးသွားထားတဲ့ နေရတွေကို ပြန်ကြည့်လို့ရပါမယ်။ ဖျက်ချင်တယ်ဆိုရင်တော့ Delete ကိုနှိပ်လိုက်ရုံပါပဲ။

View (and Delete) Your Google Maps History

5.Google mapsဖွင့်ရင်း နဲ့ သီချင်းနားထောင်မယ်

Long Tripတွေ သွားတဲ့ အခါ Mapsဖွင့်ထားရင်းနဲ့ သီချင်းနားထောင်လို့ရပါတယ်။ ပထမဦးဆုံး Settingထဲကို ဝင်ပါ။ IOSမှာတော့  Navigation ကိုဝင်ပြီး Music playback controls ကိုနှိပ်ရပါမယ်။  Apple Music/Spotify/YouTube Music appsတစ်ခုခုကို markလုပ်ပေးရပါမယ်။ continue musicနှိပ်ပြီးရင်တော့ နားထောင်လို့ရပါပြီး။Androidမှာဆိုရင်တော့ Navigation settings က Assistant default media provider ကိုဝင်ရပါမယ်။

Add Some Music(Credit: Google/PCMag)

Exit mobile version