Google Maps ဟာ Gemini နဲ့ ပေါင်းစပ်ပြီး ယာဥ်မောင်းတွေအတွက် အသုံးဝင်တဲ့ Features အသစ်တွေကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ၎င်း Features တွေကြောင့် ယာဥ်မောင်းများဟာ Screen ကို လက်နဲ့ ထိစရာမလိုတော့ပဲ သွားမယ့် လမ်းခရီးရဲ့ အချက်အလက်တွေကို မေးမြန်းနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
Google ရဲ့ ပြောပြမှုအရ ယာဥ်မောင်းဟာ သွားနေတဲ့ လမ်းခရီးပေါ်မှာရှိတဲ့ အနီးဆုံး စားသောက်ဆိုင်ကို “Hey Google” လို့ ခေါ်ပြီး မေးမြန်းနိုင်သလို ၎င်းဆိုင်နဲ့ ပတ်သက်တဲ့ အကြောင်းများ၊ ဆိုင်အတွင်းရှိ ကားပါကင်အကြောင်း အစရှိတာတွေကို မေးမြန်းနိုင်မှာ ဖြစ်သလို သွားနေတဲ့ လမ်းကြောင်းကိုလည်း ဆိုင်သို့ချက်ချင်း ပြောင်းခိုင်းလို့လည်း ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Gemini ဟာ Google Calendar နဲ့ပါ ချိတ်ဆက်ပေးထားတာကြောင့် ကားမောင်းနေရင်း ပွဲတစ်ပွဲရဲ့ ရက်ချိန်းကို Calendar မှာ မှတ်ခိုင်းနိုင်မှာ ဖြစ်ပါတယ်။
Google Maps ဟာ Gemini ရဲ့ စွမ်းအားကြောင့် သွားနေတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ မီးပွိုင့်၊ ဘယ်အချိန်မှာ ကွေ့ရမလဲ အစရှိတာတွေကို ပိုမိုတိကျစွာ ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လမ်းပေါ်ရှိ အထင်ကရ အဆောက်အဦတွေ၊ အမှတ်အသားတွေ၊ ဓာတ်ဆီဆိုင်တွေ ရှိနေမယ်ဆိုရင် ၎င်းအရာတွေကို ထည့်ပြောပြီး သွားမယ့်လမ်းကြောင်းကို ဖော်ပြပေးမှာ ဖြစ်တာကြောင့် ယာဥ်မောင်းများအတွက် ပိုမိုလွယ်ကူစေမှာ ဖြစ်ပါတယ်။ လမ်းသွားနေရင်းနဲ့ လမ်းပေါ်မှာ ရှိတဲ့ အနှေးဂုံးတွေ၊ လမ်းပိတ်ထားတာတွေ၊ ရေကြီးနေတာတွေ အစရှိတဲ့ အချက်အလက်အသစ်တွေကို “Hey Google” လို့ ခေါ်ပြီး Google Maps ကို Report တင်ပေးလိုက်တာနဲ့ ၎င်းအချက်အလက်တွေကို ချက်ချင်းမှတ်သားပေးသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
Gemini ရဲ့ အကူအညီကြောင့် တစ်ခါမှ မရောက်ဖူးသေးတဲ့ နေရာ (သို့မဟုတ်) ဆိုင်တစ်ဆိုင်ကို ရောက်သွားခဲ့ရင် ၎င်း ဆိုင်နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ – ဒီဆိုင်က အဓိက ဟင်းပွဲဟာ ဘာလဲ၊ ဒီဆိုင်မှာ ပြင်သစ်ပေါင်မုန့်ရလား အစရှိရှိတာတွေကို မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် Search Bar မှာ ရှိနေတဲ့ Camera ကို အသုံးပြုပြီး ဆိုင်ရဲ့ ဆိုင်းဘုတ်ကို ဓာတ်ပုံရိုက်လိုက်တာနဲ့ ၎င်းဆိုင်ကို Gemini က စစ်ဆေးပေးမှာ ဖြစ်ပြီး Pin ပေါ်လာပြီးဆိုရင် Mic ကို နှိပ်ပြီး ၎င်းဆိုင်နဲ့ ပတ်သက်တဲ့ အရာတွေကို သူငယ်ချင်းနဲ့ စကားပြောသလို အပြန်အလှန် ပြောဆိုမေးမြန်းနိုင်မှာ ဖြစ်ပါတယ်။
အခုပြောပြခဲ့တဲ့ Features အသစ်များဟာ နောက်အပတ်လောက်အတွင်း Google Maps မှာ ပါဝင်လာမယ့် Features တွေ ဖြစ်ပြီး Android ရော iOS အတွက်ပါ ထည့်သွင်းပေးမှာ ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ တချို့ Features တွေကို US မှာ စတင်အသုံးပြုခွင့် ရနေပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။













Discussion about this post