iOS အတွက် Copilot Application ရပြီ

Microsoft ဟာ Android များအတွက် Copilot Application ထုတ်ပေးပြီး ရက်ပိုင်းမှာပဲ iOS နဲ့ iPadOS တို့အတွက် Copilot Applications တွေကို ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း Copilot ဆိုတာ အရင် Bing Chatbot ကို ပြောင်းလဲထားတာဖြစ်ပြီး OpenAI ရဲ့ GPT-4 နဲ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ OpenAI ရဲ့ GPT-4 ကို အသုံးပြုချင်ရင် လစဥ်ကြေးပေးကာ အသုံးပြုရမှာဖြစ်ပေမယ့် GPT-4 ပါဝင်တဲ့ Copilot မှာတော့ Free အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Copilot Application မှာ ဓာတ်ပုံတွေကို Generate လုပ်နိုင်မယ့် DALL-E 3 ကိုလည်း ထည့်သွင်းပေးထားတာကြောင့် ပြီးပြည့်စုံတဲ့ Application တစ်ခုလို့ ဆိုနိုင်ပြီ ဖြစ်ပါတယ်။

Microsoft ရဲ့ Copilot AI Chatbot ကို Android သမားများအတွက် Google Play Store မှာ Download ရယူနိုင်မှာဖြစ်ပြီး Apple အသုံးပြုသူများကတော့ Apple App Store မှာ Download ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Web နဲ့ အသုံးပြုလိုသူများအတွက်လည်း Website ရှိနေပြီးသား ဖြစ်တာကြောင့် Microsoft ရဲ့ Copilot ကို Device တွေ အားလုံးမှာ စိတ်ကြိုက် Free အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Exit mobile version