Apple က သူတို့ရဲ့ ထုတ်ကုန်မျိုးစုံကို အသုံးပြုနေတဲ့ User များအတွက် အာမခံ plan တစ်ခုတည်းနဲ့ အားလုံးကို အကျုံးဝင်စေမယ့် “AppleCare One” ဆိုတဲ့ လစဉ်ကြေးဝန်ဆောင်မှုအသစ်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့က စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုအသစ်မှာ အထူးခြားဆုံးကတော့ လက်ရှိ AppleCare+ အဟောင်းကနေ AppleCare One အသစ်သို့ ပြောင်းသုံးမယ်ဆိုရင် ကျန်ရှိနေတဲ့ ပမာဏကို Apple Gift Card အနေနဲ့ ပြန်အမ်းပေးသွားမှာ ဖြစ်ပါတယ်။

Apple ရဲ့ “AppleCare One” Plan ဆိုတာ ဘာလဲဆိုတော့ iPhone, iPad, Mac, Apple Watch အပါအဝင် Apple ပစ္စည်းမျိုးစုံကို လစဉ်ကြေးပေးသွင်းပြီး အာမခံတစ်ခုတည်းအောက်မှာ ထားရှိနိုင်တဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ အရင် AppleCare+ Plan ကို အသုံးပြုနေတဲ့ User တွေက Plan အသစ်ကို ပြောင်းသုံးချင်တယ်ဆိုရင် Plan အဟောင်းမှာ ကျန်ရှိနေတဲ့ ရက်တွေအတွက် ပိုက်ဆံကို Apple က အလိုအလျောက် တွက်ချက်ပြီး Apple Gift Card အဖြစ် ပြန်ပေးမှာဖြစ်ပါတယ်။ Gift Card အဖြစ်ပြောင်းလဲ ပြန်ပေးခြင်းက Plan အဟောင်းကနေ အသစ်ကိုပြောင်းချင်တဲ့ သူတွေအတွက် ချက်ချင်းပြောင်းလဲလို့ ရအောင် Apple က စီစဉ်ပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။
Discussion about this post