Google ကတော့ AI ကို အဓိကထားပြီး သူတို့ရဲ့ Latest Pixel 10 series စမတ်ဖုန်းတွေကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။ ဒီနေ့ခေတ်မှာ Device ကုမ္ပဏီတွေက AI နည်းပညာနဲ့ အဓိကပြိုင်ဆိုင်လာကြတာဖြစ်လို့ ဒီဖုန်းတွေမှာလည်း Google ရဲ့ Gemini assistant ကို အဓိက Feature အဖြစ် ထည့်သွင်းထားတာ တွေ့ရပါတယ်။
Pixel 10 series မှာတော့ မော်ဒယ်အစုံပါဝင်လာပြီး AI နဲ့ ကင်မရာ Feature အသစ်တွေ အများကြီး ထည့်ပေးထားပါတယ်။ အခြေခံမော်ဒယ်ဖြစ်တဲ့ Pixel 10 ကို $799 ကနေ စတင်ရောင်းချမှာဖြစ်ပြီး၊ ပိုပြီးစွမ်းဆောင်ရည်မြင့်တဲ့ Pixel 10 Pro ကိုတော့ $999 ကနေ စတင်မှာပါ။ Screen ပိုကြီးတဲ့ Pixel 10 Pro XL ကတော့ $1,199 ကနေ စတင်ပါမယ်။ ဒါ့အပြင် Google ရဲ့ ဖုန်းခေါက်မော်ဒယ်အသစ်ဖြစ်တဲ့ Pixel 10 Pro Fold ကိုလည်း $1,799 နဲ့ မိတ်ဆက်ခဲ့ပါတယ်
Apple က iPhone အသစ်ကို စက်တင်ဘာလ အတွက် မကြေညာခင်မှာ Google က အခုလို ထုတ်ပြလိုက်တာပါ။ Pixel ဖုန်းတွေက Market Share မှာတော့ Samsung တို့ Apple တို့ကို မမီသေးပေမယ့် Google က သူ့ရဲ့ အကောင်းဆုံး Android feature တွေကို တခြား Hardware ကုမ္ပဏီတွေကတစ်ဆင့် မဟုတ်ဘဲ တိုက်ရိုက်ပြသနိုင်တဲ့ Company တစ်ခုဖြစ်ပါတယ်။

Pixel 10 ရဲ့ အဓိက AI feature တွေထဲမှာ “Magic Cue” ဆိုတာ ပါဝင်ပါတယ်။ ဥပမာ – လေကြောင်းလိုင်းတစ်ခုကို ဖုန်းခေါ်လိုက်တာနဲ့ ကိုယ့်ရဲ့ လေယာဉ်လက်မှတ်အချက်အလက်တွေကို ဖုန်း Screen ပေါ်မှာ အလိုအလျောက် အဆင်သင့်ဖော်ပြပေးတာမျိုးပါတဲ့။ ဒါက user တွေရဲ့ လိုအပ်ချက်ကို ကြိုတင်ခန့်မှန်းပြီး အသုံးဝင်တဲ့ အချက်အလက်တွေကို ပြပေးတာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ “Camera Coach” ပါ။ ဒါက ကင်မရာအတွက် AI assistant ဖြစ်ပြီး ဓာတ်ပုံတစ်ပုံရဲ့ အခြေအနေကို ပြောပြပေးတာ၊ ဘယ်လိုရိုက်ရင် ပိုကောင်းမလဲဆိုတာ အကြံပေးတာ၊ အလင်းအမှောင်နဲ့ Angle အကောင်းဆုံးကို ညွှန်ပြပေးတာတွေ လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။

Pixel 10 Pro Fold မော်ဒယ်မှာတော့ Largest ဖြစ်တဲ့ 8 inches (Inner display) ပါဝင်ပြီး ခေါက်ချိုးရေ အကြိမ်ပေါင်းများစွာ ခံနိုင်တဲ့ ပတ္တာ(hinge)အသစ်ကို သုံးပေးထားပါတယ်။ သူ့ရဲ့ “split screen” feature က screen နှစ်ခုမှာ app တွေကို တစ်ပြိုင်တည်း သုံးနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။ Pixel 10 Pro မော်ဒယ်တွေဝယ်ရင်တော့ တစ်လကို $19 ကျသင့်တဲ့ Google ရဲ့ “AI Pro” plan ကို တစ်နှစ်စာ အခမဲ့သုံးစွဲခွင့်ပေးမှာ ဖြစ်ပါတယ်။
Google ရဲ့ Pixel 10 series က ရှင်းရှင်းလေးပါပဲ။ သူတို့က စမတ်ဖုန်းရဲ့ အနာဂတ်ဟာ AI ဖြစ်တယ်ဆိုတာကို အပြည့်အဝထောက်ပြလိုက်တာပါပဲ။ Siri update နောက်ကျနေတဲ့ Apple ကို အခွင့်ကောင်းယူပြီး AI ကို စိတ်ဝင်စားတဲ့ customer တွေကို Gemini နဲ့ ဆွဲဆောင်ဖို့ ကြိုးစားနေတာလဲ ဖြစ်ပါတယ်။ AI feature တွေကြောင့်နဲ့တော့ user တွေက iPhone ကနေ Android ကို ချက်ချင်း ပြောင်းလာဦးမှာတော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် Google ကသာ လူတွေတကယ်သုံးချင်လာအောင် ဆွဲဆောင်နိုင်တဲ့ ‘killer AI feature’ တစ်ခုကို ဖန်တီးနိုင်ခဲ့ရင်တော့ Apple ရဲ့ ဈေးကွက်ကို စပြီးတဖြည်းဖြည်းချင်း လွှမ်းမိုးလာနိုင်မှာတော့ သေချာပါတယ်။ ဒါက Google အတွက်တော့ ရေရှည်ကစားရမယ့် ပွဲတစ်ပွဲပါပဲ။
Discussion about this post