Photoshop မှာ Generative AI Feature ကို ထည့်သွင်းလိုက်တဲ့ Adobe

Graphic Design, Publishing နဲ့ Video Editing Software တွေကို အဓိကထားဖန်တီးနေတဲ့ Adobe ဟာ Photoshop မှာ Generative AI Feature ကို စမ်းသပ် အသုံးပြုခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။

Adobe ဟာ ၎င်းတို့ရဲ့ Photoshop Software ကို AI Feature တွေ စတင်ထည့်သွင်းခဲ့တာ ၂၀၁၉ ခုနှစ်ထဲကဖြစ်ပြီး ဒီတစ်ခါထည့်သွင်းလိုက်တဲ့ Generative AI Feature ကတော့ လုံးဝကို အံ့ဩဖွယ်ဖြစ်ခဲ့ပါတယ်။ Generative AI ဆိုတာ မိမိဖန်တီးဖော်ပြချင်တဲ့ ပုံရိပ်တွေကို စာသား ( Prompt) အနေနဲ့ အမိန့်ပေးလိုက်တာနဲ့ ရေးဆွဲဖော်ပြနိုင်တဲ့ AI နည်းပညာ တစ်ခုဖြစ်ပါတယ်။

AI Tomorrow ကလည်း Adobe Photoshop ရဲ့ Generative AI Feature ကို စမ်းသပ်ကြည့်တဲ့အခါ အတော်လေး သေသပ်တာကို တွေ့ရပါတယ်။ အခုလို အသစ်မိတ်ဆက်လာတဲ့ Generative AI Feature ကို Beta Version မှာသာ စမ်းသပ်အသုံးပြုခွင့်ရရှိမှာပါ။ စာဖတ်သူတို့လည်း Adobe Generative AI Feature ကို စမ်းသပ်ချင်တယ်ဆိုရင်တော့ Adobe Photoshop Beta Version ကို ဒေါင်းလုပ်ဆွဲအသုံးပြုရမှာ ဖြစ်ပါတယ်။

Exit mobile version