Adobe ရဲ့ Max Conference မှာ မိတ်ဆက်သွားတဲ့ Project Fast Fill ဆိုတာ ဘာလဲ?

Adobe ဟာ ပြီးခဲ့တဲ့ အပတ်ထဲမှာ Max Conference ကို ကျင်းပပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ သောကြာနေ့တွင် AI ပါဝါနဲ့ ဖန်တီးထားတဲ့ Project Fast Fill ကို မိတ်ဆက်ပေးသွားပါတယ်။

Project Fast Fill ဟာ Video Edit Software တစ်ခုဖြစ်ပြီး စာရိုက်ယုံနဲ့ Video ကို စိတ်ကြိုက်ပြုပြင်နိုင်မှာ ဖြစ်ပါတယ်။ Video ထဲမှာ ပြထားတဲ့အတိုင်း Project Fast Fill ဟာ Background ရှိ အရာများကို ဖယ်ရှားပေးနိုင်မှာ ဖြစ်သလို လိုအပ်တဲ့ အရာများ၊ ထပ်ဖြည့်ချင်တဲ့ အရာများကိုလည်း စာလေးရိုက်လိုက်ယုံနဲ့ AI က အရာအားလုံး လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ပြုပြင်လိုက်တဲ့ အရာများကိုလည်း Video နဲ့ လိုက်ဖက်အောင် အလင်းအမှောင်ကအစ အားလုံးကို AI က အလိုအလျှောက် ပြုပြင်ချိန်ညှိပေးသွားမှာဖြစ်လို့ ဘာမှခေါင်းစားစရာမလိုတော့သလို အချိန်ကုန်လည်း သက်သာစေမှာ ဖြစ်ပါတယ်။

Adobe ရဲ့ Max Conference မှာ Project Fast Fill အပြင် အခြားသော AI နဲ့ ဖန်တီးထားတဲ့ Products တွေကို “Sneak Program” အောက်မှာ မိတ်ဆက်ပေးထားတာကြောင့် Max Conference မှာ မိတ်ဆက်ပေးခဲ့တဲ့ Adobe ရဲ့ AI Product တွေအားလုံး အမှန်တကယ် ထွက်ပေါ်လာရင်တော့ Video ပြုပြင်ခြင်းနဲ့ Photo ပြုပြင်ခြင်းတို့ဟာ Game တစ်ခုကို ကစားနေရလို လွယ်ကူသွားမယ်ဆိုတာ အမှန်ပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ၎င်း Projects တွေအားလုံးဟာ ကုမ္ပဏီအတွင်း စမ်းသပ်နေတဲ့ Project တွေဖြစ်တာကြောင့် ဘယ်အချိန်မှာမှ Public ကို ထုတ်ပေးမလဲဆိုတာကတော့ မသိနိုင်သေးဘူး ဖြစ်ပါတယ်။

Exit mobile version