Adobe ရဲ့ Max Conference မှာ ချပြသွားတဲ့ AI Products အလန်းများ

Adobe ရဲ့ Max Conference ပွဲဟာ နှစ်စဥ်ကျင်းပမြဲ ပွဲတစ်ပွဲဖြစ်ပြီး ကုမ္ပဏီအတွင်း စမ်းသပ်ကာ သုတေသနလုပ်နေတဲ့ Projects တွေကို မိတ်ဆက်ပေးတဲ့ ပွဲပဲဖြစ်ပါတယ်။

အဆိုပါ Max Conference ပွဲကို ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ကျင်းပခဲ့ပြီး ပွဲရဲ့ “Sneak Program” ဆိုတဲ့ ခေါင်းစဥ်အောက်မှာ AI နဲ့ ပြုလုပ်ထားတဲ့ Product ပေါင်း (၁၁) မျိုးကို မိတ်ဆက်ပေးသွားပါတယ်။ ၎င်း Products များထဲမှ ထူးခြားတဲ့ Products တချို့ကို အောက်မှာဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Project Stardust

Project Stardust ဆိုတာ ပုံထဲမှာ မြင်ရတဲ့အတိုင်း AI ဟာ ဓာတ်ပုံတစ်ခုလုံးရှိ အရာဝတ္ထုတစ်ခုချင်းစီကို ခွဲခြမ်းစိတ်ဖြာကာ သိနိုင်မှာဖြစ်ပြီး အသုံးပြုသူက ပုံထဲရှိ အရာဝတ္ထုတစ်ခုခုကို အလွယ်တကူ ရွေ့ပြောင်းနိုင်မှာ ဖြစ်သလို ဖျက်ပစ်လိုက်လို့လဲ ရပါတယ်။ ရွေ့လိုက်တဲ့ အရာဝတ္ထု သို့မဟုတ် ဖျက်လိုက်တဲ့ အရာဝတ္ထုရဲ့ နေရာမှာ လိုက်ဖက်တဲ့ အရာတစ်ခုခုနဲ့ ကြည့်ကောင်းအောင် ပြန်လည်ဖြည့်သွားပေးမှာ ဖြစ်ပါတယ်။ ဒီ Function ဟာ Adobe Photoshop မှာ နောက်ဆုံးထွက်ရှိထားတဲ့ text-to-image generator နဲ့ ဆင်တူ ဖြစ်ပါတယ်။

Project Primrose

Project Primrose ကတော့ ကျွန်တော်တို့အတွက် အတွေ့အကြုံအသစ်ကို ယူဆောင်လာပေးတဲ့ Project တစ်ခုပဲ ဖြစ်ပါတယ်။ ပုံထဲမှာ မြင်ရတဲ့အတိုင်း အင်္ကျီဟာ Display တစ်ခုလိုမျိုး Design အမျိုးမျိုးကို ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ကားတွေကို မထုတ်လုပ်မှီမှာ စမ်းသပ်ကာ အရောင်ပြောင်းလဲကြည့်တဲ့ နည်းပညာကို အသုံးပြုထားကြောင်း သိရပါတယ်။ ၎င်းအင်္ကျီရှိ အကြေးခွံတွေဟာ “Smart Display Fabric” နည်းပညာကို အသုံးပြုတဲ့  “Flexible Textile Displays” နဲ့ ပြုလုပ်ထားကြောင်း သိရပါတယ်။

Project Poseable

Project Poseable ဟာ AI ကို အခြေခံထားတဲ့ Image Generator ဖြစ်ပါတယ်။ ၎င်းဟာ Adobe ရဲ့ Text-To-Image Generators ကို 3D Models နဲ့ အဆင့်မြှင့်တင်ပေးထားကြောင်း သိရပါတယ်။ Project Poseable ရဲ့ Image Generator ဟာ ပုံထဲမှာ မြင်ရတဲ့ အတိုင်း 2D Image တစ်ခုကို 3D Image အဖြစ် ပြောင်းလဲပေးနိုင်မှာဖြစ်သလို ပြောင်းလဲလိုက်တဲ့ 3D Image ကိုလည်း လိုသလို ပြန်လည်ချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။ ဒီ Tools ကတော့ Designers တွေအတွက် ရည်ရွယ်ကာ ထုတ်လုပ်ထားကြောင်း သိရပါတယ်။

Project Dub Dub Dub

နောက်ဆုံး တစ်ခုကတော့ Project Dub Dub Dub ဖြစ်ပါတယ်။ Project Dub Dub Dub ဆိုတာ ဘာသာစကား ပြောင်းလဲပေးမယ့် AI Tools တစ်ခုပဲ ဖြစ်ပါတယ်။ ဥပမာ အင်္ဂလိပ်ဘာသာစကားနဲ့ ပြောထားတဲ့ မူရင်း Video ထဲက Character ကိုပဲ အခြားဘာသာစကားတွေဖြစ်တဲ့ စပိန်၊ ဂျာမန်၊ ပြင်သစ် အစရှိတဲ့ ဘာသာစကားများစွာကို ပြောင်းလဲပြောဆိုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

အခုဖော်ပြခဲ့တဲ့ AI Project တွေဟာ Adobe ကုမ္ပဏီထဲမှာ စမ်းသပ်နေတဲ့ AI Project တွေဖြစ်ပြီး အပြင်ကို ဘယ်အချိန်မှ ထုတ်ပေးမလဲ ဆိုတာကတော့ ဘယ်သူမှ မသိနိုင်ပါဘူး။ Adobe ရဲ့ Max Conference ပွဲ ရဲ့ “Sneak Program” အစအဆုံးကို အောက်က YouTube Video ထဲတွင် ကြည့်ရှုနိုင်ပါတယ်။

Adobe MAX 2023: Sneaks
Exit mobile version