Documents တွေနဲ့ အလွယ်တကူ Chat လို့ရမယ့် AI ကို Adobe Acrobat မှာ ထည့်သွင်း

Adobe ဟာ PDF Files များရဲ့ အချက်အလက်တွေကို အလွယ်တကူ ဖော်ပြပေးနိုင်မယ့် AI ကို Adobe Acrobat မှာ ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။

Adobe ရဲ့ ပြောပြမှုအရ ၎င်း AI ဟာ စာအများကြီး ဖတ်ရတဲ့ သူများအတွက် ရည်ရွယ်ကြောင်း သိရပါတယ်။ ဥပမာ – ကျောင်းသားတစ်ဦးဟာ သင်ခန်းစာနဲ့ ပတ်သက်တဲ့ PDF File တစ်ခုကို အချိန်အများကြီး ပေးကာ ဖတ်နေမယ့်အစား AI ကို အသုံးပြုလိုက်မယ်ဆိုရင် ၎င်းသင်ခန်းစာရဲ့ အဓိက ဆိုလိုရင်းနဲ့ အရေးကြီး အချက်အလက်များကို AI က ဆွဲထုတ်ပြီး ဖော်ပြပေးမှာ ဖြစ်လို့ အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။

Adobe Acrobat မှာ ထည့်သွင်းပေးမယ့် AI ဟာ လက်ရှိမှာတော့ Beta Version အဆင့်ပဲရှိသေးတာဖြစ်ပြီး Public Version ကိုတော့ ဘယ်အချိန်မှာမှ ထုတ်ပေးမလဲဆိုတာ မသိရသေးပါဘူး။ ဝမ်းနည်းစရာတစ်ခုကတော့ Acrobat အား ဝယ်ယူထားသူများသာ အသုံးပြုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

Exit mobile version