Adobe က Premiere Pro အတွက် AI Video Tool အသစ်များကို မိတ်ဆက်

Adobe က Premiere Pro Software အတွက် Generative AI Video Tool အသစ်များကို ထည့်သွင်းထားလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ Adobe ရဲ့ Firefly Generative AI Tool ကို Premiere Pro မှာအသုံးပြုနိုင်မယ့် အပြင် OpenAI (Sora)၊ Runway နဲ့ Pika Labs စတဲ့ Third party AI Model များကိုပါ Premiere Pro မှာအသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

Adobe က Premiere Pro အတွက် AI Video Tool အသစ်များကို မိတ်ဆက်

Video မှာပြထားတဲ့ အတိုင်း Company က Premiere Pro မှာ Adobe Firefly ကိုပေါင်းစပ်ထည့်သွင်းထားတာ ဖြစ်ပြီး Video editor များအတွက် AI Tools ကိုအသုံးပြုပြီး After Effects (motion graphics) နဲ့ Audition (sound mixing) များအပြင် လိုအပ်တဲ့နေရာများကို AI အသုံးပြုပြီး ဖြည့်ခြင်း၊ Video အထဲမှာပါဝင်သော မလိုအပ်တဲ့ အရာဝထ္ထုများကို ဖယ်ရှားခြင်းများပြုလုပ်လို့ ရမှာ ဖြစ်ပါတယ်။

Generative Extend Tool ဖြင့် Video clip များကို စက္ကန့်အနည်းငယ် ထပ်ဖြည့်လို့ရမှာ ဖြစ်ပါတယ်။ Object Addition & Removal Tool ကတော့ Video clips ထဲမှာပါဝင်တဲ့ အရာ၀ထ္ထုများကို ဖယ်ခြင်း၊ ထပ်ဖြည့်ခြင်းများကို ပြုလုပ်လို့ ရမှာဖြစ်ပါတယ်။ OpenAI (Sora)၊ Runway နဲ့ Pika Labs စတဲ့ တစ်ခြား AI Tool များကို အသုံးပြုပြီး Video clip ထဲများ text-to-video များဖြင့် ဖန်တီးလို့ ရမှာ ဖြစ်ပါတယ်။

Company က Adobe Firefly မှာထည့်သွင်းထားတဲ့ အချက်အလက်များကို licensed image များသာအသုံးပြုထားတဲ့ အတွက် Copyright Law ကို လေးစားလိုက်နာထားကြောင်း ပြောကြားခဲ့ပါတယ်။ လာမယ့် မေလ ထဲမှာ Premiere Pro ရဲ့ AI Video Tool အသစ်များကို Beta Version အဖြစ်စတင် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Exit mobile version