Telegram က Public Channel Owner များအတွက် ကြော်ငြာဝင်ငွေရဲ့ 50% အကျိုးမြတ် ရရှိစေမယ့် Monetization Program Feature အသစ်ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ကြော်ငြာရှင်များက Cryptocurrency တစ်ခုဖြစ်တဲ့ Toncoin ကိုအသုံးပြုပြီး မိမိရဲ့ စီးပွားရေး လုပ်ငန်းများကို Telegram Channel များမှာ ကြော်ငြာနိုင်မှာဖြစ်ပါတယ်။
Subscriber 1k အထက်ရှိတဲ့ Public Channel တွေက Monetization Program ကိုလျှောက်လို့ ရမှာဖြစ်ပြီး Channel Owner များအနေနဲ့ ကြော်ငြာဝင်ငွေရဲ့ 50% အကျိုးအမြတ်ကို Toncoin အနေနဲ့ရရှိမှာ ဖြစ်ပါတယ်။ Company က Channel Owner များ ရရှိတဲ့ Toncoin များကို ၎င်းတို့ရဲ့ ချိတ်ဆက်ထားတဲ့ Fragment Wallet ကနေ Exchange fees ထပ် ပေးစရာမလိုဘဲ လဲလှယ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ကြော်ငြာရှင်များ အနေနဲ့ လုပ်ငန်းများအတွက် ကြော်ငြာများ ထည့်သွင်းတဲ့ အခါမှာလဲ မိမိရဲ့ ကြော်ငြာများကို ပေါ်စေလိုတဲ့ Channel များကို အတိအကျ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာ – မိမိ ကြော်ငြာက အစားအသောက် ထုတ်ကုန်ကြော်ငြာဆိုရင် အစားအသောက် ထုတ်ကုန်နဲ့ သက်ဆိုင်တဲ့ Channel များမှာဘဲ ပေါ်အောင်ပြုလုပ်လို့ ရမှာဖြစ်ပါတယ်။
Discussion about this post