April လထဲမှာ Ray-Ban smart glass ထဲမှာ AI features တွေကို ထည့်သွင်းသွားမယ်လို့ Meta က ပြောကြားခဲ့ပါတယ်။ AI features တွေထဲမှာ Translation, identifying objects and animals features တွေ အဓိကပါဝင်မယ်လို့ သိရပါတယ်။ အသုံးပြုသူတွေအနေနှင့် “Hey Meta” လို့ခေါ်လိုက်တာနှင့် AI features တွေကို အသုံးပြုနိုင်မယ်လို့လည်း သိရပါတယ်။ Videos တွေထဲမှာ Smart Glass ကို တပ်ဆင်ထားရုံနှင့် ကားမောင်းတဲ့နေရာ၊ စျေးဝယ်ထွက်တဲ့နေရာ၊ zoo သွားတဲ့အခါမျိုးတွေမှာ အသုံးဝင်ပုံတွေကို ပြသထားပါတယ်။
Meta’s AI က Artwork တွေနှင့် Pets တွေကို ခွဲခွဲခြားခြားသိမြင်နိုင်ပေမယ့် ၁၀၀% တော့ မတိကျသေးပါဘူး။ တိရစ္ဆာန်တွေကို သတ်မှတ်တဲ့နေရာမှာ လှောင်အိမ်ထဲက တိရစ္ဆာန်တွေကို ကောင်းကောင်းမခွဲခြားနိုင်သေးပါဘူး။ ထို့အပြင် အသီးအနှံတွေကိုလည်း သတ်မှတ်တဲ့နေရာမှာ အခက်အခဲအများကြီး ရှိနေတာကို တွေ့ရပါတယ်။ AI Translation အနေနှင့် အင်္ဂလိပ်၊ စပိန်၊ အီတလီ၊ ပြင်သစ်နှင့် ဂျာမန်ဘာသာစကားတွေသာ ရပါသေးတယ်။ အချိန်ကြာလာတဲ့အခါမှာတော့ Meta က ဒီထက်ပိုပြီးကောင်းမွန်လာတဲ့ upgrade version တွေကို ထည့်သွင်းလာမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ US မှာနေထိုင်တဲ့ သတ်မှတ်ထားတဲ့ users တွေသာ ဒီ features တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Discussion about this post