Netflix ဟာ ပြီးခဲ့တဲ့ သြဂုတ်လကစလို့ Cloud Games Streaming ကို Canada နှင့် UK တို့မှာ စမ်းသပ်နေတာ ဖြစ်ပြီး အခုမှာတော့ US ရှိ အသုံးပြုသူ တချို့ဆီကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
Cloud Games Streaming ဆိုတာက Netflix ကို Smart TV သို့မဟုတ် ဖုန်းထဲမှာ ထည့်သွင်းထားမယ်ဆိုရင် Netflix ရဲ့ Night School Studio က ထုတ်လုပ်ထားတဲ့ Games များကို ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ Smart TV မှာ Control လုပ်ဖို့ Keyboard နှင့် Mouse တို့ကို အသုံးပြုနိုင်သလို ဖုန်းထဲမှာ Netflix ရဲ့ Control Software ကို Install လုပ်ပြီး Control လုပ်နိုင်မှာ ဖြစ်ပါတယ်။
Netflix ရဲ့ ပြောပြမှုအရ အခုအချိန်မှာ Cloud Games Streaming ဟာ စမ်းသပ်ဆဲ ကာလဖြစ်ပြီး US ရှိ အသုံးပြုသူ တချို့ကိုသာ စမ်းသပ်အသုံးပြုခွင့် ပေးထားတာ ဖြစ်ကြောင်း သိရပါတယ်။ Netflix ဟာ Cloud Games Streaming နဲ့ ပတ်သက်ကာ ဂရုတစိုက်ပြုလုပ်နေတာ တွေ့ရပြီး အရင်ကထက် Games အသစ်များ တိုးထားသလို iOS နဲ့ Android တွေအထိပါ ချဲ့ထွင်ဖို့ ကြိုးစားနေတာကြောင့် သူတို့ရဲ့ ကိုယ်ပိုင် Franchises ကို တည်ဆောက်နေတယ်လို့ ယူဆနိုင်ပါတယ်။
Discussion about this post