Google ရဲ့ သမိုင်းကြောင်းအရ ပြောင်းလဲမှု မရှိခဲ့တဲ့ Google Search ရဲ့ Homepage ဟာ AI ကြောင့် ပြောင်းလဲမှု ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ Google Search ရဲ့ Search Bar ဘယ်ဘက်ထောင့်မှာ မြင်နေကြ မှန်ဘီလူးနေရာမှာ အပေါင်းလက္ခဏာနဲ့ ခလုပ်လေးက အစားထိုး နေရာယူသွားတာ ဖြစ်ပါတယ်။

Google ရဲ့ ပြောပြမှုအရ ၎င်း အပေါင်း ခလုပ်ဟာ AI နဲ့ ချိတ်ဆက် အလုပ်လုပ်မှာ ဖြစ်ပြီး ၎င်းကို နှိပ်လိုက်ရင် File (သို့မဟုတ်) Image ကို Upload ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီခလုပ်ရဲ့ လုပ်ဆောင်ချက်ဟာ အထူးအစမ်း မဟုတ်ပေမယ့် Home Page မှာ ထည့်သွင်းလိုက်ခြင်းကြောင့် Google ဟာ Google Search ကို အချက်အလက်များ ရှာဖွေဖို့ သီးသန်းမဟုတ်တော့ပဲ အသုံးပြုသူရဲ့ လုပ်ငန်းလိုအပ်ချက်များကိုပါ AI နဲ့ ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။
၎င်း Feature အသစ်ကို လက်ရှိမှာ Desktop အတွက်သာ ထုတ်ပေးထားပြီး Logout ပြုလုပ်ထားတဲ့ အသုံးပြုသူများမှာပါ တွေ့မြင်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် Google ဟာ AI Mode Home/prompt Page မှာလည်း အနည်းငယ် ပြောင်းလဲမှု ပြုလုပ်ထားပါတယ်။ AI Mode Home/prompt Page ရဲ့ History Button ကို ပြန်လည် စမ်းသစ်ထားပြီး ဘယ်ဘက်မှာ မြင်ရမှာ ဖြစ်ကာ Back/dismiss Button ကတော့ ညာဘက်ကို ရောက်သွားမှာ ဖြစ်ပါတယ်။













Discussion about this post