Meta ဟာ လျှပ်စစ်စွမ်းအင် ရောင်းချနိုင်ဖို့အတွက် ကြိုးစားနေကြောင်း သိရပါတယ်။ Meta ဟာ ၎င်းတို့ လိုအပ်နေတဲ့ Data Center တည်ဆောက်ရာမှာ ကြီးမားတဲ့ Power Plants တွေ လိုအပ်နေပြီး ၎င်း Power Plants တွေ တည်ဆောက်နိုင်ဖို့အတွက် လျှပ်စစ်စွမ်းအင် ရောင်းချရန် ကြိုးစားနေတာ ဖြစ်ကြောင်း သိရပါတယ်။
Bloomberg သတင်းဌာနရဲ့ ထုတ်ပြန်မှုအရ Meta နဲ့ Microsoft တို့ဟာ လက်ရှိမှာ လျှပ်စစ်စွမ်းအင် ရောင်းချဖို့အတွက် ဖက်ဒရယ်အစိုးရရဲ့ ခွင့်ပြုချက်ကို စောင့်နေကြောင်း သိရပါတယ်။ Meta ဟာ Louisiana Data Center Campus တည်ဆောက်ဖို့အတွက် Gas ပါဝါသုံး Power Plants အနည်းဆုံး ၃ခု အထိလို အပ်နေပြီး ၎င်း Plants တွေကို အမြန်ဆုံး တည်ဆောက်နိုင်ဖို့ အစိုးရထံမှာ လျှပ်စစ်ရောင်းချခွင့်ကို တောင်းခံနေတာ ဖြစ်ပါတယ်။
Meta ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဌာန အကြီးအကဲ Urvi Parekh က သူတို့ရဲ့ System လည်ပတ်နိုင်ဖို့အတွက် လိုအပ်နေတဲ့ စွမ်းအင်ကို အမြန်ဆုံး ချဲ့ထွင်နိုင်ဖို့ဆိုရင် Meta ရဲ့ ပိုပြီးတက်ကြွတဲ့ အသံတွေ လိုအပ်ကြောင်း ပြောပါတယ်။ နည်းပညာ ကုမ္ပဏီကြီးများဟာ ၎င်းတို့ရဲ့ AI ကို အဆင့်မြှင့်တင်ဖို့အတွက် Data Center အကြီးတွေ လိုအပ်နေပြီး ၎င်း Data Center တွေအတွက် Power Plants တွေ အများအပြား လိုအပ်နေတာကြောင့် အခုလိုမျိုး ကိုယ်ပိုင် Power Plants တွေ တည်ဆောက်နေကြတာ ဖြစ်ပါတယ်။














Discussion about this post