နိုဝင်ဘာလ ၁၈ ရက်နေ့ အင်္ဂါနေ့တုန်းက Google ဟာ Gemini 3 နဲ့ Coding App အသစ်တို့ကို မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ Gemini 3 ဟာ ပိုမိုအဆင့်မြင့်ပြီး အခြေခံကျတဲ့ Model ဖြစ်ကာ မိတ်ဆက်ပြီး ချက်ချင်းမှာပဲ Gemini App နဲ့ AI Search Interface တို့မှာ ထည့်သွင်းပေးခဲ့ပါတယ်။
Gemini 2.5 ကို ထုတ်ပေးခဲ့ပြီး ၇လ အကြာမှာ Gemini 3 ကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပြီး ဒီ Model အသစ်ဟာ Google ရဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး LLM ဖြစ်ကြောင်း သိရပါတယ်။ ဒါ့ကြောင့် AI ဈေးကွက်ထဲရှိ စွမ်းဆောင်ရည်မြင့် AI Tool တွေထဲမှာ Gemini 3 ဟာ တစ်ခု အပါအဝင် ဖြစ်လာပါတယ်။ Gemini 3 ထက် စွမ်းဆောင်ရည် ပိုမြင့်မယ့် Gemini 3 Deepthink ကိုတော့ နောက်အပတ်ထဲမှာ Google AI Ultra Subscribers များအတွက် ထည့်သွင်းပေးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Gemini 3 နဲ့အတူ အကျိုးအကြောင်းဆင်ခြေမှု အပိုင်းတွေမှာ ကြီးမားတဲ့ တိုးတက်မှုတွေကို မြင်တွေ့နေရကြောင်းနဲ့ ၎င်းဟာ ကျွန်တော်တို့ အရင်တုန်းက မမြင်ဖူးခဲ့တဲ့ နက်နဲမှု၊ သိမ်မွေ့မှုနဲ့ တုံ့ပြန်နေကြောင်း Gemini Model အတွက် Google ရဲ့ ထုတ်ကုန်ဌာနမှူး Tulsee Doshi က ပြောပါတယ်။ Gemini 3 ကို လူသားဆန်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးရာမှာ ရှိရှိသမျှ AI Model တွေ အားလုံးထက် မြင့်တဲ့ 37.4 Benchmark ကို ရရှိထားကြောင်းလည်း Google ရဲ့ ပြောပြမှုအရ သိရပါတယ်။
လက်ရှိမှာ Google ရဲ့ Gemini ကို လစဥ် အသုံးပြုနေသူ စုစုပေါင်း ၆၅၀ သန်းကျော် ရှိနေပြီး ၎င်းအနက် ၁၃ သန်းဟာ Software Developer တွေ ဖြစ်ကြပါတယ်။ ဒါ့ကြောင့် Google ဟာ Developer တွေ အတွက် Coding Agent ဖြစ်တဲ့ Gemini ကို အသုံးပြုထားတဲ့ Google Antigravity ကိုပါ မိတ်ဆက်ပေးလိုက်ပါတယ်။ Google Antigravity ဟာ အသုံးပြုသူရဲ့ Editor ၊ Terminal ၊ Browser တို့နဲ့တွဲကာ အလုပ်လုပ်ပေးနိုင်မှာ ဖြစ်တာကြောင့် Application တည်ဆောက်ရာမှာ များစွာ အသုံးဝင်မှာ ဖြစ်ပါတယ်။













Discussion about this post