Apple ကတော့ iPhone 17 ပွဲအပြီး iOS 26 ကို စက်တင်ဘာလ ၁၅ ရက်၊ တနင်္လာနေ့ မှာ တရားဝင်ဖြန့်ချိတော့မယ်လို့ အတည်ပြုလိုက်ပါပြီ။ ဒီ Update အသစ်မှာတော့ “Liquid Glass” လို့ခေါ်တဲ့ ဒီဇိုင်းအပြောင်းအလဲကြီးတွေအပြင် Feature အလန်းစားတွေလည်း အများကြီးပါဝင်လာပါတယ်။
ဒီတစ်ခေါက်မှာတော့ iPhone မော်ဒယ်တချို့က update ရတော့မှာ မဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ်ကထွက်ခဲ့တဲ့ iPhone XR/iPhone XS/iPhone XS Max မော်ဒယ် ၃ မျိုးက iOS 26 ကို ရရှိတော့မှာ မဟုတ်ဘဲ iPhone 11 series နဲ့ သူ့နောက်ပိုင်းထွက်ထားတဲ့ iPhone အားလုံး iOS 26 update ကို ရရှိမှာ ဖြစ်ပါတယ်။ iPad တွေအတွက်ကတော့ iPad (8th gen), iPad mini (5th gen), iPad Air (3rd gen) နဲ့ iPad Pro (2018) နောက်ပိုင်း မော်ဒယ်အားလုံး iPadOS 26 ကို ရရှိမှာဖြစ်ပါတယ်။

iOS 26 မှာ ပါလာမယ့် စိတ်ဝင်စားစရာ Feature အသစ်တချို့
- Liquid Glass ဒီဇိုင်းအသစ်: Home screen ပုံစံ၊ app icon တွေနဲ့ ခလုတ်ဒီဇိုင်းတွေ အားလုံးပြောင်းလဲသွားမှာပါ။
- Phone App အပြောင်းအလဲ: recent calls, contacts နဲ့ voicemail တွေကို screen တစ်ခုတည်းမှာ အကုန်ကြည့်နိုင်တော့မှာဖြစ်ပြီး on-hold စောင့်ပေးမယ့် “Hold Assist” feature အသစ်လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။
- Live Translate: ဖုန်းပြောနေရင်း ဒါမှမဟုတ် message ပို့ရင်းနဲ့ ဘာသာစကားမတူတဲ့သူနဲ့ တိုက်ရိုက်စကားပြန်ပေးနိုင်မှာပါ။
- Screenshot အသစ်: ကိုယ်ရိုက်လိုက်တဲ့ screenshot ကနေ တိုက်ရိုက် Google မှာ ပုံနဲ့ပြန်ရှာတာ၊ ChatGPT ကို မေးခွန်းမေးတာတွေ လုပ်နိုင်ပါပြီ။
- Lock Screen အသစ်: Lock screen ကို အရင်ကထက် ပိုပြီးစိတ်ကြိုက်ပြင်ဆင်နိုင်မယ့် option တွေ ထပ်ပါလာမှာ ဖြစ်ပါတယ်။
iOS 26 ကတော့ ဒီဇိုင်းပိုင်းရော၊ သုံးစွဲမှုပိုင်းမှာပါ အပြောင်းအလဲကြီးကြီးမားမားလုပ်ထားတဲ့ update တစ်ခုဖြစ်လို့ iPhone သုံးသူတွေအတွက်တော့ စောင့်မျှော်ရကျိုးနပ်မယ့် update တစ်ခု ဖြစ်လာမှာ သေချာပါတယ်။
Discussion about this post