Facebook In-Stream Ads Monetization Service

Monetize Myanmar ၏ Monetization ဆိုင်ရာ ဝန်ဆောင်မှုများအား MyanmarEndUser နှင့်အတူ ပူးပေါင်းတင်ဆက်ဆောင်ရွက်လျက်ရှိပြီး Monetization ဝန်ဆောင်မှုအပ်နှံလိုသော Client များအားလုံးတို့သည် ဖော်ပြပါအချက်များအား ကောင်းမွန်စွာ နားလည်သိရှိရမည်ဖြစ်သည်။

Facebook In-Stream Ads Monetization Service ဘယ်လိုလျှောက်မလဲ

  • Monetize Myanmar မှ တင်ဆက်ထားသော Facebook In-Stream Ads Monetization ပိုစ့်ကို အရင် ဖတ်ရှုစေချင်ပါသည်။
  • ​Monetization ဝန်ဆောင်မှုကို အပ်နံလိုသော Client များတို့သည် မိမိတို့၏ Facebook Page ၌ Monetize Myanmar မှ Content Management Service ပေးမည့် သူအား Admin ခန့်ပေးရမည် ဖြစ်သည်။
  • Monetize Myanmar မှ ဝန်ဆောင်မှုပေးမည့်သူအား မိမိတို့၏ Facebook Page Admin ပေးပြီးသည်နှင့်တစ်ပြိုင်နက် Client များကိုယ်တိုင် Page Admin အဖြစ်မှ ထွက်ပေးရမည် ဖြစ်သည်။
  • Client များကိုယ်တိုင် Page Admin အဖြစ်မှ မထွက်ပါက Pre-Enrolled Page အဖြစ် Facebook တွင် စာရင်းဝင်သွားမည်ဖြစ်ပြီး Monetization လျှောက်၍ မရနိုင်ပါ။
  • မိမိတို့တင်စေချင်သော Content များအား Monetize Myanmar ဆီသို့ Google Drive ဖြင့်သော်လည်းကောင်း၊ အခြား Cloud Communication Tools များဖြင့်သော်လည်းကောင်း ပေးပို့ရမည်ဖြစ်ပြီး အဆိုပါ ပေးပို့ထားသော Content များအား Monetize Myanmar မှ Content Manager မှ တင်သွားပေးမည် ဖြစ်သည်။

သိထားရမည့် ဝန်ဆောင်မှုနှုန်းထားများနှင့် သဘောတူညီချက်များ

  • Facebook In-Stream Ads Monetization ဝန်ဆောင်မှုအတွက် Monetize Myanmar မှ Content Management + Personal Information + Address + Bank Account Information + Tax ID ဖြည့်သွင်းမှု ဝန်ဆောင်မှုများအတွက် လစဉ်ဝင်ငွေ၏ ၁၅% အား ဝန်ဆောင်ခအဖြစ် သတ်မှတ်ထားသည်။
  • Facebook In-Stream Ads ဝင်ငွေသည် $100 ပြည့်မှ ထုတ်နိုင်မည်ဖြစ်ကြောင်း သိရှိရမည်။ ( Facebook မှ သတ်မှတ်ထားသော ပေါ်လစီဖြစ်ပြီး Monetize Myanmar ၏ စည်းကမ်းချက် မဟုတ်ပါ )
  • Monetize Myanmar ၏ Facebook In-Stream Ads ဝန်ဆောင်မှုကို ရယူထားသော Client များအားလုံးတို့သည် Monetization ဝန်ဆောင်မှုကို ရပ်တန့်လိုပါက ၁လ ကြိုတင်အကြောင်းကြားရမည်ဖြစ်သည်။ ( လတိုင်း၏ ၂၁ ရက်နေ့မှ ၃၀ ရက်အတွင်းသာ )
  • Content Creator များအနေဖြင့် မိမိတို့၏ Content များကို Facebook Page ပေါ်သို့တင်ရန်အတွက် Monetize Myanmar သို့ Content တင်မည့် အချိန်နှင့် အနည်းဆုံး ၃ နာရီခွာ၍ ပေးပို့ရမည်ဖြစ်သည်။ ( Real Time ဝန်ဆောင်မှုကို Monetize Myanmar တွင် လက်ရှိတွင် မရရှိနိုင်သေးပါ )
  • Content များကို မြန်မာစံတော်ချိန် မနက် ၉ နာရီမှ ည ၉နာရီအတွင်း ပေးပို့နိုင်မည်ဖြစ်သည်။
  • Monetize Myanmar ၏ Facebook In-Stream Ads ဝန်ဆောင်မှုကို ရယူပြီး ၁လမတိုင်မှီ ရပ်တန့်လိုပါက Content Management Fees အတွက် 50USD သို့မဟုတ် 50USD နှင့်ကိုက်ညီသော စျေးကွက်ပေါက်စျေးအတိုင်း မြန်မာကျပ်ငွေဖြင့် ဝန်ဆောင်ခပေး၍ မိမိတို့၏ Facebook Page Admin Access ကို ပြန်လည် ရယူနိုင်မည် ဖြစ်သည်။
  • Facebook Monetization ဝင်ငွေများသည် လတိုင်း၏ ၂၁ ရက်နေ့တွင် Payment ပြုလုပ်လေ့ရှိပြီး ဘဏ်အကောင့်ထဲသို့ ၂၁ ရက်နေ့မှ ၂၇ ရက်အတွင်းသို့ ရောက်ရှိသည်။ ( Facebook ပေါ်လစီဖြစ်ပြီး Monetize Myanmar ၏ စည်းကမ်းချက်မဟုတ်ပါ )
  • Content Creator တို့၏ Facebook Page မှ Message များကို Reply ပြန်ခြင်း၊ Comment များအား Reply ပြန်ခြင်းတို့အား Monetize Myanmar မှ လုပ်ဆောင်ပေးနိုင်မည် မဟုတ်ကြောင်း သိရှိရမည်။
  • Clients များအားလုံးတို့သည် စျေးကွက်ပေါက်စျေးအတိုင်း နစ်နာမှုမရှိစေဘဲ အတိအလင်းရရှိစေမည်ဖြစ်ပြီး Kpay, KBZ Bank, CB Bank, Yoma Bank တို့မှ တစ်ဆင့် ဝင်ငွေများကို လက်ခံနိုင်မည်ဖြစ်သည်။
  • Monetize Myanmar သည် စံချိန်စံနှုန်းမမှီသော Content Creator များအား အချိန်မရွေး ဝန်ဆောင်မှုမှ ရပ်တန့်နိုင်သည်။
  • Monetize Myanmar သည် အခါအားလျော်စွာ စည်းကမ်းချက်များ၊ သဘောတူညီချက်များ၊ ဝန်ဆောင်မှုနှုန်းထားများ စသည်တို့ကို အချိန်မရွေး ပြင်ဆင်ခြင်း၊ အသစ်တိုးခြင်း၊ ပယ်ဖျက်ခြင်းတို့ကို ပြုလုပ်နိုင်ကြောင်း သိရှိရမည်။

Monetize Myanmar ၏ Facebook In-Stream Ads Monetization ဝန်ဆောင်မှုကို လျှောက်ထားလိုသော Content Creator များအားလုံးတို့သည် အထက်ဖော်ပြပါ အချက်အလက်များကို ကောင်းမွန်စွာ နားလည်သဘောပေါက်ဖတ်ရှုသိရှိပြီးမှသာလျှင် ဝန်ဆောင်မှုများကို Monetize Myanmar တွင် ယုံကြည်စွာ အပ်နှံနိုင်ပါသည်။

Facebook In-Stream Ads Monetization လျှောက်ရန်အတွက် ဤလင့်ကို နှိပ်၍ လျှောက်နိုင်ပါသည်။

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist