ယနေ့မှာတော့ Apple ရဲ့ latest device တော်တော်များများက Apple Intelligence ကို အသုံးပြုလို့ရနေပြီ ဖြစ်ပါတယ်။ iPhone 15Pro နှင့် အခြား latest iPad တွေအပြင် M chipset series တွေပါတဲ့ Mac တွေအားလုံးမှာ Apple Intelligence အသုံးပြုဖို့ ready ဖြစ်နေပြီဖြစ်ပါတယ်။ OpenAI နှင့် ပေါင်းစပ်ထားတဲ့ Apple Intelligence က အရင်နှစ်တွေမှာ ထွက်ရှိခဲ့တဲ့ Siri ထက် ပိုပြီး smart ဖြစ်လာပြီး အဖြေတွေကိုလည်း တိတိကျကျ ပေးလာနိုင်ပါတယ်။ ရက်ပိုင်းလေးမှ ထွက်ရှိလာတဲ့ Mac Mini က အရင်နှစ်တွေထဲမှာ ထွက်ရှိခဲ့တဲ့ design တွေနှင့်မတူပဲ ၅လက်မ ပတ်လည်နှင့် အရွယ်အစားထွက်ရှိလာပါတယ်။ M4 chipset နှင့်လာပြီး M4 Pro chipset နှင့်ဆိုရင် စျေးအနည်းငယ်များသွားနိုင်ပါတယ်။ ဒေါ်လာ ၅၉၉ နှင့် စတင်ရောင်းချပြီး လက်ရှိစျေးတန်းထဲမှာ အတန်ဆုံးနှင့် အကောင်းဆုံး ကွန်ပျူတာတစ်လုံးဖြစ်ပါတယ်။
Mac computers တွေက Designers တွေနှင့် Developers တွေကြားမှာ မရှိမဖြစ်လိုအပ်တဲ့ ကွန်ပျူတာတစ်လုံးဖြစ်ပြီး သူ့မှာပါ၀င်ပြီးသား OS ကြောင့်အချို့အရာတွေမှာ အသုံးပြုရတာ လွယ်ကူပါတယ်။ ဥပမာ Office software တွေဖြစ်တဲ့ Word, Powerpoint, Excel တွေအတွက် Apple ရဲ့ကိုယ်ပိုင် Pages, Numbers, Keynote တွေနှင့် ဖန်တီးလို့ရပြီး export လုပ်တဲ့အခါမှာလည်း microsoft format နှင့် ပြန်ထုတ်လို့ရတာကြောင့် အဆင်ပြေချောမွေ့ပါတယ်။ တစ်နှစ်တစ်ခါ ၀ယ်ယူရတဲ့ license ပြဿနာတွေမှမရှိပဲ Operation System update တွေကိုလည်း အခမဲ့ တင်လို့ရတာကြောင့် mac computers တွေက ကျောင်းသားအများစုနှင့် လုပ်ငန်းခွင်ကလူတွေ အသည်းစွဲဖြစ်လာပါတယ်။ ယခုဆိုရင် Apple Intelligence ကိုအသုံးပြုဖို့ လစဥ်ကြေး၊ နှစ်စဥ်ကြေးပေးစရာမလိုပဲ Apple device တစ်ခုခုရှိရုံနှင့် အသုံးပြုနိုင်ပါပြီ။ M4 Chipset နှင့် ထွက်လာတဲ့ mac mini က တစ်ပြိုင်နက်တည်းမှာ Display ၃ခုကို ချိတ်ဆက်ပြီး အလုပ်လုပ်နိုင်ပါတယ်။ အထူးသဖြင့် video editing သမားနှင့် Developers တွေအတွက် အသုံး၀င်တဲ့ feature တစ်ခုဖြစ်လာပါတယ်။ စျေးအနေနှင့်လည်း အတော်လေးသက်သာပြီး အိမ်၊ ရုံးတွေမှာ အလုပ်လုပ်မယ့်လူတွေအတွက် ၀ယ်သင့်တဲ့ computer တစ်လုံးဖြစ်လာပါတယ်။ အကယ်၍ သင်က iPhone အသုံးပြုတဲ့လူဖြစ်ပါက ဖုန်းကို သွားထိစရာမလိုပဲ mac computer တွေကတစ်ဆင့် ဖုန်းထဲမှာရှိတဲ့ အရာအားလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်အုံးမှာပါ။
Discussion about this post