အင်ဒိုနီးရှားနိုင်ငံမှာ လွန်ခဲ့သောရက်အနည်းငယ်က Elon Musk ကိုယ်တိုင် ဝန်ကြီးချုပ်နှင့်အတူ Starlink Satellite Internet ဝန်ဆောင်မှုကို ရရှိပြီဖြစ်ကြောင်း အခမ်းအနားနှင့်အတူ ကျင်းပခဲ့ကြပါတယ်။ ကျန်းမာရေးဝန်ထမ်း အမြောက်အများတက်ရောက်ကြပြီး အခုလို satellite internet service ရရှိသွားတာကြောင့် ပညာရေးနှင့် ကျန်းမာရေးမှာ များစွာအထောက်အကူပြုနိုင်တယ်လို့ Elon Musk က ပြောကြားခဲ့ပါတယ်။ ထို့အပြင် အင်တာနက်ရှိရုံနှင့် စီးပွားရေး နှင့် ပညာရေးကို မည်သည့်နေရာကမဆို လုပ်ဆောင်နိင်တယ်လို့လည်း ထပ်မံပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၏ ကျန်းမာရေး နယ်ပယ်နှင့် ပညာရေးကို ကူညီမည့် သဘောတူညီမှုလည်းချုပ်ဆိုခဲ့တယ်လို့ သိရှိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၏ အချို့နေရာတွေမှာ အင်တာနက်တပ်ဆင်ဖို့ အခက်အခဲရှိတာကြောင့် ယခုလို satellite internet ကို အသုံးပြုနိုင်ခြင်းက အင်ဒိုနီးရှားနိုင်ငံအတွက် ကောင်းကျိုးအများကြီးရှိတယ်လို့ ဝန်ကြီးချုပ်တွေက ပြောကြားခဲ့ပါတယ်။
![](https://bunny-wp-pullzone-wi4ruizkvc.b-cdn.net/wp-content/uploads/2024/05/Work_and_play_on_Bal_54352964-1024x640.jpeg)
ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြီးအကဲဖြစ်တဲ့ Budi Gunadi Sadikin ပြောကြားချက်အရ တစ်နိုင်ငံလုံးမှာရှိတဲ့ ဆေးခန်းပေါင်း ၁ သောင်းကျော်မှာ ၂၇၀၀ က အင်တာနက် မရရှိနေဘူးလို့ ပြောကြားခဲ့ပါတယ်။ ယနေ့မှာတော့ Starlink ရဲ့ အကူအညီကြောင့် တစ်နိုင်ငံလုံး satellite internet ကို အသုံးပြုနိုင်သွားပြီလို့ ပြောကြားခဲ့ပါတယ်။ ဘာလီကျွန်းမှာ ဝန်ကြီးချုပ်တွေနှင့်အတူ Elon Musk က Starlink Satellite Internet ဝန်ဆောင်မှုကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ Elon Musk ရောက်ရှိလာပြီး တစ်ပတ်အကြာမှာ Apple CEO, Tim Cook က ဝန်ကြီးချုပ် Widodo ကို လာရောက်တွေ့ရှိခဲ့ပါတယ်။ ထို့အပြင် MIcrosoft CEO, Satya Nadella လည်း လာရောက်ပြီး နောင် ၄ နှစ်အကြာမှာ အသုံးပြုမည့် cloud & AI infrastructure အတွက် အင်ဒိုနီးရှားမှာ ဒေါ်လာပေါင်း ၁.၄ ဘီလီယံကျော်လာရောက် ရင်းနှီးမြှုပ်နှံမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။
![](https://bunny-wp-pullzone-wi4ruizkvc.b-cdn.net/wp-content/uploads/2024/05/6d0af9ab-ae0d-4f11-8b7e-1e7906efe2b3-1024x576.jpg)
ဝန်ကြီးချုပ် Widodo လက်ထပ်မှာ အင်ဒိုနီးရှားနိုင်ငံရဲ့ Digital Technology & Information sector အတွက် အကောင်းဆုံးကြိုးစားတာကို တွေ့ရှိရပါတယ်။ ထို့အပြင် 2045 Vision အရ ကမ္ဘာမှာ စီးပွားရေးအဖွံ့ဖြိုးဆုံး ၅ နိုင်ငံမှာပါဝင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ Digital Technology and Information sector မှာ support ပေးမှုကြောင့် နိုင်ငံတကာမှ Digital Nomad တွေလာရောက်နေထိုင်ကြတာကို တွေ့ရှိရပါတယ်။
Discussion about this post