Zoom ရဲ့ Founder and CEO က ၁၅% သော ဝန်ထမ်းများကို လက်လွှတ်ခဲ့ရမှုကြောင့် CEO လစာ၏ ၂% သာ လစာယူမည်

Zoom က 15% သော ဝန်ထမ်းများကို အလုပ်မှ ရပ်နား

ဖေဖော်ဝါရီလ (၇)ရက် အင်္ဂါနေ့မှာ ၁၅% သော Zoom ဝန်ထမ်းများဖြစ်တဲ့ ဝန်ထမ်းအယောက် ၁၃၀၀ ကို အလုပ်မှ ရပ်နားခဲ့ရကြောင်း CEO Eric Yuan က ထုတ်ပြန်ခဲ့ပါတယ်။ အခုလို ဝန်ထမ်းများအား အလုပ်မှ ရပ်နားခဲ့ရတာဟာ ကပ်ရောဂါဆိုးကြီးကြောင့်ဖြစ်ကြောင်း CEO က ပြောပြခဲ့ပါတယ်။

Covid ရောဂါဆိုးကြီး ဖြစ်ပွားခဲ့စဥ်က Zoom ကို အသုံးပြုတဲ့ လူဦးရေဟာ ၃ဆ လောက်များလာတာကြောင့် အသုံးပြုသူတွေအတွက် နည်းပညာဆိုင်ရာ အဆင့်မြှင့်တင်ပေးဖို့ ကြိုးစားရာမှာ Zoom အတွက်အခက်အခဲ ဖြစ်ခဲ့ရကြောင်း CEO က ပြောပြခဲ့ပါတယ်။ အဲတာကြောင့်ပဲ အခုလို ၁၅% သော ဝန်ထမ်းတွေကို ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

Zoom Founder and CEO Eric Yuan’s image (from google)

CEO Eric Yuan က ဒါဟာ သူ့ရဲ့ အမှားဖြစ်ကြောင်းနှင့် ထိုအမှားအတွက်လည်း တာဝန်အပြည့်ယူသွားမှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အခုလို အလုပ်သမားများ ဆုံးရှုံးခဲ့ရခြင်းကြောင့် CEO Eric Yuan ဟာ သူ့ကိုယ်သူ အပြစ်ပေးသည့်အနေနဲ့ လာမယ့် ဘဏ္ဍာရေးနှစ်မှာ သူ့လခရဲ့ (၉၈)ရာနှုန်းကို လျော့ချခဲ့ကာ ၂၀၂၃ခုနှစ်အတွက် ဆုကြေးငွေတွေကိုလည်း လက်လွှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါတင်မကပဲ CEO ရဲ့ အလုပ်မှုဆောင်အဖွဲ့ရှိ ခေါင်းဆောင်များကလည်း လာမယ့် ဘဏ္ဍာရေးနှစ်မှာ သူတို့ရဲ့ အခြေခံလခမှ (၂၀)ရာနှုန်းကို လျော့ချပြီး ၂၀၂၃ အတွက် ဆုကြေးငွေများကို CEO နှင့်အတူ လက်လွှတ်ကြမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

CEO Eric Yuan ရဲ့ အခုလို ထုတ်ပြန်ခဲ့မှုကြောင့် Zoom ရဲ့ အစုရှယ်ရာဈေးဟာ ထိုနေ့မှာပဲ (၉)ရာနှုန်းနည်းပါး မြင့်တက်ခဲ့တယ်လို့လည်း သိရပါတယ်။

Exit mobile version