Zoom App ကို မကြာခင် Sony ရဲ့ Bravia TV မှာ အသုံးပြုလို့ ရတော့မည်

Sony ရဲ့ Bravia (Android TV) များက Zoom for TV app ကို အသုံးပြုနိုင်မယ့် ပထမဦးဆုံး Hardware Device ဖြစ်လာမယ်လို့ Company က ကြေညာခဲ့ပါတယ်။ မကြာသေးခင်က ကျင်းကပြုလုပ်ခဲ့တဲ့ Apple ရဲ့ WWDC 2023 မှာကြောညာခဲ့တဲ့ iPhone နဲ့ ချိတ်ဆက်ထားတဲ့ Apple TV မှာလဲ ‘FaceTime’ Feature ကို ကြေညာခဲ့ပြီးတဲ့ နောက်မှာ Sony ကလဲ ၎င်းတို့ရဲ့ Bravia TV မှာလဲ Zoom App ကို အသုံးပြုလို့ရတော့မှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

Sony ရဲ့ Bravia Cam

Bravia TV များမှာ Webcams မပါရှိတာကြောင့် Zoom App ကို အသုံးပြုမယ်ဆိုရင် Sony ရဲ့ Bravia Cam ကိုတော့ဝယ်ယူရမှာဖြစ်ပါတယ်။ Sony ရဲ့ Bravia Cam က Zoom call များ အပြင် အသံချိန်ညှိတာတို့ တခြား TV Setting များကို ရီမုတ်ကိုင်စရာ မလိုဘဲ Hand Gestures System ရဲ့ ခိုင်းစေလို့ရမှာဖြစ်ပါတယ်။ နောက်ပြီး အထူးတဖြစ် ကလေးများ သက်ကြီးရွယ်အိုများ TV ကြည့်တဲ့ အခါ မျက်လုံးမထိခိုက်စေရန် Object အနီးအဝေးကို လိုက်ပြီး အလိုအလျှေက် Brightness Adjustment Mode ပါရှိမှာဖြစ်ပါတယ်။

Exit mobile version