YouTube ရဲ့ A/B Thumbnail Testing ကို မကြာမှီ အသုံးပြုလို့ရတော့မည်

၂၀၂၄၊ ဇွန်လလောက်က Creator Insider မှာ Preview အနေနဲ့ မိတ်ဆက်ခဲ့တဲ့ A/B Thumbnail Testing ကို မကြာမှီ အသုံးပြုလို့ ရမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ YouTube ရဲ့ A/B Thumbnail Testing က Video Creator များအနေနဲ့ မိမိ Video မှာထည့်သွင်းမယ့် Thumbnail Image ကို ၃ ပုံအထိရွေးချယ်ကာ Upload လုပ်ထားနိုင်မှာ ဖြစ်ပါတယ်။ Upload လုပ်ထားတဲ့ Thumbnail Image 3 ခုထဲမှာ ဘယ်ပုံက Engagement ပိုကောင်းလဲဆိုတာ နှစ်ပတ်အထိ စောင့်ကြည့်လို့ ရမှာဖြစ်ပါတယ်။ ပြီးတော့မှ Engngement အများဆုံးရတဲ့ ပုံတစ်ပုံထဲကို Video ရဲ့ Thumbnail Image နေရာမှာထားလို့ ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၆လလောက်က Creator Insider မှာ မိတ်ဆက်ခဲ့တဲ့ A/B Thumbnail Testing Video

Company က Thumbnail Testing Tool ကို ၂၀၂၄ နောက်ပိုင်းမှာ အသုံးပြုလို့ ရနိုင်မယ်လို့ ကြေညာခဲ့သော်လည်း ဘယ်နေ့ဘယ်အချိန်မှာ အသုံးပြုလို့ရနိုင်မလဲ ဆိုတာတော့ ပြောကြားထားခြင်းမရှိသေးပါဘူး။ YouTube Creator Liaison ကတော့ Thumbnail Testing ကို အခုချိန်ထိ စမ်းသပ်နေဆဲဖြစ်တယ်လို့ သိရှိရပါတယ်။ အဆိုပါ စမ်းသပ်မှုကို YouTube Channels ပေါင်း ၅သောင်းလောက်မှာ စမ်းသပ် အသုံးပြုခွင့်ရရှိနေပြီလို့ သိရှိရပါတယ်။

Exit mobile version