YouTube Music အတွက် TikTok လိုမျိုး Video အတိုတွေတင်နိုင်မယ့် Samples ကို မိတ်ဆက်

YouTube Music မှာ Short Videos တွေ တင်လို့ရမယ့် Samples ဆိုတဲ့ Feature အသစ်ကို မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

Samples ဆိုတာဟာ TikTok မှာ လိုမျိုး Short Videos တွေကို စိတ်ကြိုက်ဖန်တီးကာ တင်လို့ရမယ့် နေရာတစ်ခု ဖြစ်ပါတယ်။ YouTube Music Apps ရဲ့ အောက်ခြေက Bar တန်းထဲမှာ Samples ကို တွေ့မြင်နိုင်မှာ ဖြစ်ပြီး Samples ကို နှိပ်လိုက်ရင်တော့ Short Videos တွေကို တွေ့ရမှာဖြစ်ပါတယ်။ Samples ကို ထည့်သွင်းရတဲ့ YouTube Music ရဲ့ ရည်ရွယ်ချက်ကတော့ သီချင်းဖန်တီးတဲ့ အနုပညာရှင်များကို အထောက်အကူဖြစ်စေဖို့ပဲ ဖြစ်ပါတယ်။

TikTok ရဲ့ Short Videos တွေဟာ သီချင်းတစ်ပုဒ်ရဲ့ အကောင်းဆုံးအပိုင်းတွေကို ဆွဲထုတ်ကာ ဖန်တီးထားတာ ဖြစ်လို့ အချိန်တိုအတွင်းမှာပဲ ၎င်း သီချင်းဟာ နာမည်ကြီးစေတာ ဖြစ်ပါတယ်။ ဒီအချက်ကို YouTube Music က စဥ်းစားကာ Samples ကို ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် YouTube Music ကို အသုံးပြုသူများဟာ သီချင်းတစ်ပုဒ်ကို နားထောင်နေရင်း ၎င်းသီချင်းကို ကြိုက်လို့ TikTok လိုမျိုး အမိုက်စား ကကွက်တွေနဲ့ Short Video လုပ်ကာ တင်ချင်ရင် တစ်ချိန်ထဲမှာပဲ လုပ်နိုင်ပြီ ဖြစ်ပါတယ်။

Music Creator တွေအနေနဲ့လဲ သူတို့ရဲ့ သီချင်းအသစ်ကို မိတ်ဆက်ရာမှာ သီချင်းရဲ့ အကောင်းဆုံးအပိုင်းကို ဆွဲထုတ်ပြီး Short Video လုပ်ကာ မိတ်ဆက်နိုင်တာကြောင့် အချိန်တိုအတွင်းမှာ လူသိများနိုင်မယ့် အခွင့်အရေးကို ရရှိမှာ ဖြစ်ပါတယ်။ TikTok ကလည်း သီချင်း တစ်ပုဒ်လုံး တင်နိုင်မယ့် TikTok Music ကို ဖန်တီးနေတာကြောင့် TikTok နဲ့ YouTube Music တို့ရဲ့ တိုးချဲ့မှုတွေဟာ ပြောင်းပြန် ဖြစ်နေတာ တွေ့ရပါတယ်။

Exit mobile version