Youtube Monetization ​Service ဆိုင်ရာ စည်းကမ်းချက်များ

MonetizeMyanmar သည် MyanmarEndUser နှင့်အတူ ပူးပေါင်း၍ Monetization ဆိုင်ရာ ဗဟုသုတများနှင့် ဝန်ဆောင်မှုတို့အား မြန်မာနိုင်ငံတွင် နေထိုင်သူ Content Creator များအား ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ MonetizeMyanmar နှင့်အတူ လက်တွဲပူးပေါင်းမည့် Youtube Content Creator များအားလုံးတို့သည် ဖော်ပြပါ အချက်များအား ကောင်းမွန်စွာ သိရှိသဘောပေါက် နားလည်ဖို့လိုအပ်ပါသည်။

Youtube Monetization ဝန်ဆောင်မှုဆိုင်ရာ နှုန်းထားများ

MonetizeMyanmar ၏ Youtube Monetization ဝန်ဆောင်မှုကို Plan (၂) မျိုးဖြင့် သတ်မှတ်ထားပါသည်။

၁။ Standard Plan (10% of Revenue )

၂။ Pro Plan ( 15% of Revenue )

Standard Plan ဆိုသည်မှာ Youtube Monetization အတွက် လိုအပ်သော အခြေခံလုပ်ဆောင်ချက်အားလုံး ပါဝင်မည်ဖြစ်ပြီး လစဉ်ဝင်ငွေ၏ 10% ကို MonetizeMyanmar မှ ဝန်ဆောင်ခအဖြစ် သတ်မှတ်ထားပါသည်။

Pro Plan ဆိုသည်မှာ Standard Plan တွင်ပါဝင်သော လုပ်ဆောင်ချက်များအပြင် ဉာဏမူပိုင်ခွင့်ဥပဒေဆိုင်ရာ ဝန်ဆောင်မှုများပါ ရရှိမည်ဖြစ်ပြီး မိမိတို့၏ Content များအား မိမိ၏ ခွင့်ပြုချက်မရှိဘဲ အခြားသော Youtube Channel တွင်တင်ထားသည်ကို တွေ့ရှိပါက အဆိုပါ Content အား ဖြုတ်ချပေးခြင်း ( Take Down ) ဝန်ဆောင်မှုတို့ပါ ပါဝင်မည်ဖြစ်သည်။ လစဉ် ဝင်ငွေ၏ 15% ကို MonetizeMyanmar မှ ဝန်ဆောင်ခ အဖြစ်သတ်မှတ်ထားပါသည်။

ဝင်ငွေထုတ်ယူခြင်းဆိုင်ရာ သိထားရမည့် အချက်များ

  • MonetizeMyanmar ၏ Youtube Monetization ဝန်ဆောင်မှုရယူထားသော Content Creator များသည် KBZ Banking, Kpay, CB Banking, AYA Banking တို့မှ တစ်ဆင့် ထုတ်ယူနိုင်မည် ဖြစ်သည်။
  • အမေရိကန် ( US Region ) နိုင်ငံမှ ကြည့်ရှုသော Youtube Video View များမှ အခွန် ( US Tax ) 30% အထိ ပြန်လည်ပေးဆောင်ရမည်ကို သိရှိရမည်။ ( MonetizeMyanmar ၏ စည်းမျဉ်းမဟုတ်ဘဲ Google ၏ အခွန်ဆိုင်ရာ ပေါ်လစီဖြစ်ပါသည်။ )
  • Youtube Channel Report တွင် ဖော်ပြထားသည့် ဝင်ငွေသည် အမေရိကန်ဒေါ်လာ ( USD ) ဖြစ်သော်လည်း MonetizeMyanmar ၏ ဘဏ်အကောင့်ထဲသို့ စီးဝင်သော ငွေကြေးသည် ထိုင်းနိုင်ငံဘတ်ငွေ ( Baht ) ဖြစ်သည်ကို သိရှိရမည်။
  • ထို့ကြောင့် ထိုင်းနိုင်ငံငွေကြေး ( Baht ) မှ မြန်မာနိုင်ငံငွေကြေး ( MMK) ကို စျေးကွက်ပေါက်စျေးအတိုင်း MonetizeMyanmar မှ Content Creator များဆီသို့ မိမိတို့ရရှိမည့် ပမာဏအလိုက် ငွေပေးချေမှု ပြုလုပ်သွားမည် ဖြစ်သည်။
  • ငွေပေးချေမှုသည် လတိုင်း၏ ၂၂ ရက်နေ့မှ ၂၆ ရက်အတွင်း ပြုလုပ်သွားမည်ဖြစ်သည်။ ( စနေ၊ တနင်္ဂနွေနှင့် ဘဏ်ပိတ်ရက်များခံပါက ၂ရက်ခန့် ထပ်မံနောက်ကျနိုင်သည်။ )

Google AdSense Account ဆိုင်ရာ အသိပေးချက်

  • MonetizeMyanmar ၏ ဝန်ဆောင်မှုသည် Content Creator များအတွက် YouTube Monetization ဆိုင်ရာ ဝန်ဆောင်မှုသာဖြစ်ပြီး Google AdSense အကောင့် ဝန်ဆောင်မှု မဟုတ်ကြောင်း သိရှိရမည်။
  • Google AdSense Account ဝန်ဆောင်မှု မဟုတ်သည့်အတွက် နိုင်ငံခြားမှID Verification, PIN Address Verification မလိုအပ်ပါ။
  • ထို့ကြောင့် Google AdSense အကောင့်အား MonetizeMyanmar ဆီမှ တောင်းခံ၍ မရနိုင်ပါ။
  • မိမိတို့ Channel ၏ ဝင်ငွေများအား Youtube Studio မှ တစ်ဆင့်တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး Google Adsense Account မလိုအပ်ပါ။

ဝန်ဆောင်မှုအားရပ်စဲခြင်း

  • MonetizeMyanmar ၏ Youtube Monetization ဝန်ဆောင်မှုအား Content Creator ဘက်မှ အချိန်မရွေး လွတ်လပ်စွာ ရပ်စဲနိုင်ခွင့်ရှိသည်။
  • Content Creator ၏ Content များသည် Youtube Content Policies အား ချိုးဖောက်မှုရှိပါက MonetizeMyanmar မှ အဆိုပါ Content Creator အား ပါတနာအဖြစ်မှ အချိန်မရွေး ရပ်စဲ၍ Monetization ဝန်ဆောင်မှုအား ရပ်တန့်မည် ဖြစ်သည်။

MonetizeMyanmar နှင့်ပူးပေါင်းလက်တွဲလိုသော Content Creator များသည် အထက်ပါ စည်းကမ်းချက်များအား ကောင်းမွန်စွာ သဘောပေါက်နားလည် သဘောတူမှသာလျှင် Youtube Monetization Service ကို လျှောက်နိုင်မည် ဖြစ်သည်။

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist