နာမည်ကြီး ဂီတသမားများရဲ့ အသံအတိုင်း သီဆိုနိုင်တဲ့ AI Tool တစ်ခုကို YouTube ကဖန်တီး

YouTube က နာမည်ကျော် ဂီတပညာရှင်များရဲ့ အသံများကို အသုံးပြုပြီး Creator များက မိမိတို့ ရေးစပ်ထားတဲ့ သီချင်းများကို အသံသွင်းနိုင်တဲ့ AI Tool တစ်ခုကို ဖန်တီးနေတာဖြစ်တယ်လို့ သတင်းများအရသိရှိရပါတယ်။ အဆိုပါ AI Tool ကို အစောပိုင်းအဆင့်အနေနဲ့ စမ်းသပ်ဖန်တီးနေတာဖြစ်ပြီး ၎င်းက ရေးသားထားတဲ့ သီချင်းစာသားများကို မိမိ အသုံးပြုချင်တဲ့ အနုပညာရှင်တစ်ယောက်ရဲ့ အသံကို ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

နာမည်ကျော် ဂီတပညာရှင်များရဲ့ အသံတွေကိုအသုံးပြုမှာ ဖြစ်တဲ့အတွက် မူပိုင်ခွင့်နဲ့ ကိုယ်ရေးကိုယ်တာခွင့်ပြုချက် အစရှိတဲ့ ဥပဒေဆိုင်ရာ သက်ရောက်မှုများကိုတော့ YouTube က ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ Company ဘက်ကတော့ အဆိုပါ AI Tool ကို စမ်းသပ် လေ့ကျင့်မို့အတွက် သီချင်းအချို့ကို မူပိုင်ခွင့် အသုံးပြုခြင်းနဲ့ ပက်သက်ပြီး Music Company များနဲ့ အဆက်အသွယ်ပြုလုပ်လျှက်ရှိကြောင်း သိရှိရပါတယ်။

နာမည်ကြီး ဂီတသမားများရဲ့ အသံအတိုင်း သီဆိုနိုင်တဲ့ AI Tool တစ်ခုကို YouTube ကဖန်တီး

Company က AI Tool ကို အမှန်တကယ် ထုတ်လုပ်အသုံးပြုခွင့် ပေးလိုက်မယ်ဆိုပါက ဂီတနယ်ပယ်နဲ့ ဂီတထုတ်လုပ်မှုလုပ်ငန်းများအပေါ်မှာ ကြီးမားတဲ့အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ Creator များအနေနဲ့ ပရော်ဖက်ရှင်နယ် အဆိုတော်များ ဒါမှမဟုတ် ဂီတပညာရှင်များကို ငှားရမ်းစရာမလိုဘဲ အရည်အသွေးမြင့်တဲ့ တေးဂီတဖန်တီးထုတ်လုပ်နိုင်မှာ ဖြစ်တဲ့အတွက် အဆိုပါ AI Tool နဲ့ပက်သက်ပြီး ဂီတနယ်ပယ်က ပရော်ဖက်ရှင်နယ်များကရော ဘယ်လိုထုတ်ပြန်မှုပေးမလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ YouTube က အဆိုပါ AI Tool ဘယ်နေ့ ထုတ်လုပ်ဖြန့်ချီမလဲဆိုတာကိုတော့ ကြေညာထားခြင်း မရှိသေးပါဘူး။

Exit mobile version