YouTube အတွက် Generative AI Feature အသစ်များစမ်းသပ်နေကြောင်း Google က ပြောကြား

Google က YouTube မှာ AI Feature အသစ်များ ထည့်သွင်းရန် စမ်းသပ်ချက်များပြုလုပ်နေတယ်လို့ ကြေညာခဲ့ပါတယ်။ အဆိုပါ AI Feature များကို YouTube မှာအချက်အလက်များရှာဖွေရန်ဖို့နဲ့ ပိုမိုဆွဲဆောင်မှုရှိတဲ့ Conversations များဖန်တီး၊ အသုံးပြုနိုင်ရန်အတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်တယ်လို့ သိရှိရပါတယ်။ Comment Topics AI နဲ့ Conversational AI ဆိုပြီး Feature နှစ်မျိုးကို စမ်းသပ်နေကြောင်း Company က မိတ်ဆက်ခဲ့ပါတယ်။

YouTube အတွက် Generative AI Feature အသစ်များစမ်းသပ်နေကြောင်း Google က ပြောကြား

Comment Topics AI လိုခေါ်တဲ့ Feature က YouTube Comment Box မှာ Topics ဆိုပြီး Feature တစ်ခုပါလာမှာဖြစ်ပြီး ၎င်းကို အသုံးပြုသူများအတွက် သိလိုတဲ့ အချက်အလက်များကို ရှာဖွေဖို့နဲ့ အဆိုပါအကြောင်းအရာနဲ့ ပတ်သက်တဲ့စကားဝိုင်းများမှာ ပါဝင်ရန် ပိုမိုလွယ်ကူစွာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Comment Topics AI ကိုတော့ Video အချို့မှာ စမ်းသပ်လျှက်ရှိကြောင်းသိရှိရပါတယ်။ Conversational AI Feature ကတော့ မိမိကြည့်ရှုနေလိုက်တဲ့ Video နဲ့ပတ်သက်တဲ့ မေးခွန်းများအတွက် အဖြေများကိုရှာဖွေနိုင်တဲ့ Tool တစ်ခုဖြစ်ပါတယ်။ Video နဲ့ ဆက်စပ်အကြောင်းအရာများအတွက် Conversational AI ကိုအသုံးပြုပြီး အကြံပြုချက်များတောင်းနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ Feature ကို ပညာရပ်ဆိုင်ရာ ဗီဒီယိုအချို့မှာ စမ်းသပ်နေကြောင်း သိရှိရပါတယ်။

Company က အဆိုပါ Feature များအပြင် AI ပါဝါသုံး Video Summarie များ၊ AI-generated Subtitles နဲ့ Transcripts စတဲ့ AI Feature များကိုလဲ စမ်းသပ်လျှက်ရှိကြောင်း သိရှိရပါတယ်။ အဆိုပါ Feature များက အစောပိုင်းအဆင့် စမ်းသပ်ဆဲဖြစ်ပြီး ၎င်းတို့က YouTube ကို သုံးစွဲသူများအတွက် ပိုမိုအသုံးဝင်ပြီး ပျော်ရွှင်စရာအတွေ့အကြုံတစ်ခုဖြစ်အောင် ဖန်တီးပေးမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Exit mobile version