Video Content Creator များအတွက် AI Feature တွေကို YouTube မှာထည့်သွင်းဖို့စီစဉ်

Youtube AI

YouTube Platform ပေါ်မှာ Content တွေဖန်တီးနေတဲ့ Video Creator တွေအတွက် AI နည်းပညာထောက်ပံ့ထားတဲ့ Feature အသစ်တွေကို ထည့်သွင်းဖို့ ပြင်ဆင်နေတယ်လို့ YouTube Platform ရဲ့ အကြီးအကဲက ထုတ်ပြန်လိုက်ပါတယ်။

OpenAI နဲ့ Microsoft တို့ကို အမှီလိုက်နိုင်ဖို့ AI Powered Technology ကို YouTube ပေါ်မှာထည့်သွင်းပေးလိုက်ခြင်းဖြင့် Content Creator တွေအတွက် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေပေးနိုင်မှာဖြစ်သလို အသုံးပြုသူတွေလည်းပိုမိုတိုးတက်များပြားလာမယ်လို့ Google က ယူဆပါတယ်။ ChatGPT နဲ့ဆင်တဲ့ AI Chatbot တစ်မျိုးကို Youtube မှာ ထည့်သွင်းပေးလိုက်ခြင်းဖြင့် Youtube Video Creator တွေအတွက် အများကြီးအထောက်အကူပြုစေမယ်လို့ ဆိုပါတယ်။

Video Content Creator တွေဖန်တီးထားတဲ့ Video တွေအပေါ်မှာလည်း AI နည်းပညာနဲ့ ထပ်မံပြင်ဆင်မှုပြုလုပ်နိုင်မယ့် Feature တွေလည်းပါဝင်လာမှာဖြစ်ပြီး ဥပမာအားဖြင့် ဝတ်ရုံတွေလဲတာတွေနဲ့ အခြားသော အပြင်အဆင်များကို ပြင်ဆင်ဖန်တီးနိုင်တဲ့ Feature တွေလည်း ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

မကြာသေးမှီကလည်း Google က ChatGPT ကိုယှဉ်ပြိုင်ဖို့ ၎င်းတို့ရဲ့ ကိုယ်ပိုင် AI ဖြစ်တဲ့ Bard ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ Bard AI ကိုမိတ်ဆက်ခဲ့တဲ့အချိန်မှာ မှားယွင်းစွာ အဖြေတွေကို ဖော်ပြမှုကြောင့် Google Company ရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံခန့် ကျဆင်းအရှုံးပေါ်ခဲ့ရပါတယ်။

Exit mobile version